စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တပ်ကြပ်ကြီးတဦးကို ဖမ်းဆီးနိုင်

စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် တပ်ကြပ်ကြီးတဦးကို ဖမ်းဆီးနိုင်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မြောက်ခြမ်း၊ ဂူသန်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်သားးတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့နောက် တပ်ကြပ်ကြီးတဦးကိုပါ ဖမ်းဆီးနိုင်ခဲ့တယ်လို့ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် - ADRPA အဖွဲ့ဆီက သိရပါတယ်။ 

နိုဝင်ဘာလ ၉ ရက်မနေ့ညနေ ၄ နာရီလောက်မှာ အင်အား ၂၀ ကျော်လောက်ပါတဲ့ စစ်ကောင်စီ တပ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အဲ့ဒီအဖွဲ့ထဲက ကျန်ခဲ့တဲ့ တပ်ကြပ်ကြီးစာရေး အောင်ဝင်း ကို ညပိုင်းမှာ ဖမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။ 

ဖမ်းဆီးခံရသူမှာ မုံရွာအခြေစိုက် အမှတ် ၇၄၇ စစ်လက်နက်ပစ္စည်းတပ်ခွဲက တပ်ကြပ်ကြီးစာရေးဖြစ်ပြီး သူနဲ့အတူ MA-11 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခုနဲ့ ၅.၅၆ မမ ကျည် ၉၀ ခန့်ကို သိမ်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။ 

"ဒီကောင်က တချက်ပစ်သေးတာ။ ကျည်ညပ်သွားလို့ အညံ့ခံလိုက်တာ"လို့ တပ်ရင်း ၃၀ ADRPA မှ ရဲဘော်တဦးက ပြောပါတယ်။

လက်ရှိမှာ တပ်ကြပ်ကြီးအောင်ဝင်းကို စစ်ဆေးမေးမြန်းတာတွေလုပ်ပြီး မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကို လွှဲပြောင်းထားတယ်လို့ သူကဆက်ပြောပါတယ်။ 

ADRPA နဲ့ ပူးပေါင်းအဖွဲ့ဟာ ပြီးခဲ့တဲ့နိုဝင်ဘာ ၆ ရက် မနက် ၄ နာခွဲလောက်ကလည်း ကနီမြို့ပေါ်က မြို့နယ်ထွေအုပ်ရုံး၊ ရဲစခန်း၊ စီးပွားရေးဘဏ်နဲ့ ရွှေစည်းခုံကုန်ပေါ်မှာ ရှိနေတဲ့ စစ်အုပ်စုဝင်တွေကို ၂ နာရီကြာ ဝင်ရောက်စီးနင်းခဲ့ရာ စစ်ကောင်စီအဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့ပါသေးတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #မုံရွာ #ဂူသန်းရွာ #ကာကွယ်ရေးတပ် #တိုက်ခိုက် #စစ်ကောင်စီ #တပ်ကြပ်ကြီးစာရေး #ဖမ်းဆီး #အညံ့ခံ #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10