စစ်ကောင်စီတပ်တွေက ယနေ့နံနက်အစောပိုင်းမှာ အရာတော်နယ်က ကျေးရွာတရွာကို မီးတင်ရှို့သွား

စစ်ကောင်စီတပ်တွေက ယနေ့နံနက်အစောပိုင်းမှာ အရာတော်နယ်က ကျေးရွာတရွာကို မီးတင်ရှို့သွား

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ အောင်မြို့သာရွာ(တောင်မွှာရွာ)ထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ရွာက နေအိမ်တွေကို ဒီနေ့မနက် မေလ ၂၄ ရက် မနက် ၆ နာရီလောက်မှာ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကားကြီး ၃ စီး၊ ကားသေး ၂ စီးနဲ့ အောင်မြို့သာကျေးရွာထဲကို မေလ ၂၃ ရက် မနက် ၈ နာရီလောက်မှာ လက်နက်တွေပစ်ဖောက်ဝင်ရောက်လာခဲ့ပြီး ကျေးရွာသားတချို့ကို ကျေးရွာဘုန်းကြီးကျောင်းကိုခေါ်ဆောင်သွားခဲ့ကာ တော်လှန်ရေးလုပ်ရင် တရွာလုံးကို မီးတင်ရှို့မယ်လို့ ပြောဆိုခြိမ်းခြောက်ပြီး ပြန်လည်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ညနေပိုင်း ၆ နာရီလောက်မှာတော့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့က တိုက်ခိုက်ဖို့အတွက်ကျေးရွာဘုန်းကြီးကျောင်းနားကိုရောက်လာချိန်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက တွေ့မြင်သွားပြီး အပြန်အလှန်ထိတွေ့ပစ်ခတ်မှု နာရီဝက်ခန့် ကြာမြင့်ခဲ့ပါတယ်။

“မနေ့ကဖမ်းသွားတဲ့ရွာသားတွေကို သူတို့ကပြောတယ် ငါတို့က အထက်အမိန့်အရ နယ်လှည့်တာ ငါတို့ကိုတော်လှန်ရင်တရွာလုံးကို မီးတင်ပစ်မှာဆိုပြီး ပြောတယ်။ မနေ့ကပစ်ခတ်မှုကလည်း လက်နက်အင်အားမမျှလို့ ကာကွယ်ရေးအဖွဲ့တွေ ပြန်ဆုတ်လိုက်ရတယ်။ သူတို့ကရွာတောင်ပိုင်းဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်။ ဘုန်းကြီးတွေရဲ့ဖုန်းတွေကိုလည်သိမ်းထားတယ်။ မနေ့က သူတို့လက်နက်ကြီးတွေနဲ့ပစ်လို့ ရွာထဲက အမျိုးသားနှစ်ဦး လန့်ပြီးဆုံးသွားတယ်။ အသက်ကြီအဖွားတဦးလည်းရွာထဲမှာကျန်နေခဲ့တယ်” လို့ မြို့သာကုန်းရွာ ဒေသခံတဦးက ပြောပါတယ်။


သေဆုံးခဲ့တဲ့ အမျိုးသား ၂ ဦးအပြင် ရွာထဲမှာ ကျန်ခဲ့တဲ့ သက်ကြီးအဖွားအိုတဦးတို့ဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတဲ့ အချက်အလက်နဲ့ လက်ရှိအခြေအနေတွေကို စုံစမ်းနိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။

အိမ်ခြေ ၄၀၀ နီးပါးရှိတဲ့ မြို့သာကုန်းကျေးရွာဟာ အခုလိုမီးရှို့ခံရတာ ပထမအကြိမ်ဖြစ်ပြီးစစ်ကောင်စီက စစ်ကြောင်းထိုးကာ အခြားကျေးရွာတွေကိုလည်း မီးရှို့ဖျက်ဆီးနေတဲ့အတွက် မြို့သာကုန်းရွာအပါအဝင် အနီးနားကကျေးရွာတွေဖြစ်တဲ့ ကြွေပုဂံရွာ၊ ဝက်ခဲရွာ၊ အောင်သာရွာနဲ့ ဘောင်းကျရွာ အစရှိတဲ့ဒေသခံများစွာဟာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

စာတည်း - 007

#မြေလတ်အသံ
#စစ်ကိုင်း #အရာတော် #စစ်ကောင်စီ #မီးရှို့ #မြို့သာကုန်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10