စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ နေအိမ် ၃၄ အိမ်က မိသားစုတွေကို ဆန်ထောက်ပံ့ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေလယ်ကျွန်းဒေသက မီးဘေးသင့်ပြည်သူတွေကို ဆန်ရိက္ခာတွေ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ Myingyan Black Tiger- MBT တပ်ဖွဲ့ထံက သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်က သွားရောက်ထောက်ပံ့ခဲ့တာဖြစ်ပြီး အိမ်ထောင်စု ၃၄ စုမှာ လူဦးရေ ၁၈၀ နီးပါးရှိနေတယ်လို့ MBT တပ်ဖွဲ့တာဝန်ခံဗိုလ်မိုက်ခဲက မြေလတ်အသံကိုပြောပါတယ်။

ထွက်ပြေးလာကြသူတွေထဲမှာ အဝတ်တထည်ကိုယ်တခုလာခဲ့ကြရသူတွေနဲ့ မိသားစုစားစရာ ဆန်တပြည်သာရှိတဲ့သူတွေလည်း ပါဝင်နေပြီး တချို့လည်း ဆွေမျိုးနီးစပ်တွေရှိနေတဲ့အတွက် နည်းနည်းသက်သာရာရတယ်လို့ သူကထပ်မံပြောပါတယ်။

အောက်တိုဘာလလယ်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးဝင်လာပြီး၊ ကျေးရွာရှိနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့လို့ မီးဘေးသင့်ခဲ့တဲ့နေအိမ်တွေကတော့ ကျွန်းကလေးရွာ၊ နွယ်နီ၊ နံဘေး၊ ကျွန်းညို၊ လှေခုတ်၊ ကူနီ၊ မြောက်ရွာတို့က နေအိမ်တွေဖြစ်တယ်လို့ ဆိုပါတယ်။ 

မီးဘေးသင့်ပြည်သူတွေကို တအိမ်ထောင် ၂၄ ပြည်ပါဆန် ၁ အိတ်စီထောက်ပံ့ပေးခဲ့ပြီး လှူဒါန်းမှုကိုတော MBT တပ်ဖွဲ့အသုံးစရိတ်ထဲမှ ထောက်ပံ့ပေးသလို၊ Frontlinevoice နဲ့ ပြည်သူတချို့ကလည်း ကူညီပံပိုးပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်မှ ၁၉ ရက်နေအထိ ရေလယ်ကျွန်းဒေသရှိကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ် ၆၀ ကျော်မီးဘေးသင့်ခဲ့ရပြီး ပြည်သူ ၆ ဦးကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြေလတ်သတင်း #သတင်း #မကွေးတိုင်း #ပခုက္ကူ #ရေလယ်ကျွန်း #စစ်ကောင်စီ #မီးရှို့ဖျက်ဆီး #ဒေသခံပြည်သူ #ကူညီထောက်ပံ့မှုများလိုအပ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10