သတင်း
- - သတင်းတို
 - - စီးပွားရေး
 - - ရွေးကောက်ပွဲ
 - - နိုင်ငံရေး
 - - အင်တာဗျူး
 - - မှုခင်း
 - - ကျန်းမာရေး
 - - ပညာရေး
 - - အလုပ်သမား
 - - သမိုင်း
 - - ပေးစာ
 - - စစ်ရှောင်
 - - တိုက်ပွဲ
 - - သဘာဝဘေး
 
          
        
ပဲခူးတိုင်း ၊ တောင်ငူမြို့ စစ်ကောင်စီတပ်ရဲ့ လေတပ်စခန်းတခုဖြစ်တဲ့ တောင်ငူ (ကေတုမတီ)လေတပ်စခန်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ရှော့တိုက်ဒုံးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့လို့ Brave Warriors For Myanmar - BWM တပ်ဖွဲ့ဆီက သိရပါတယ်။
မေ ၁၀ ရက် ဒီနေ့မနက် ၄ နာရီ ၁၃ မိနစ်လောက်မှာ အဆိုပါလေတပ်စခန်းထဲကို ကာကွယ်ရေးတပ်ဖွဲ့တွေက ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးနဲ့ ပစ်ခတ်ခဲ့ရာ ၃ လုံးမှာ Error ဖြစ်သွားပြီး ၇ လုံးဟာ စခန်းအတွင်းကျရောက် ပျောက်ကွဲသွားတဲ့အတွက် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေရှိနိုင်တယ်လို့လဲ ဆိုပါတယ်။
“ရှော့ဒုံး ၇ လုံးရဲ့ ပေါက်ကွဲအားကြောင့် ထိခိုက်မှုပြင်းထန်နိုင်တယ်လို့ ယူဆရတယ်။ ရန်သူ့ဘက်က ထိခိုက် သေဆုံးမှုအခြေအနေအတိအကျကိုတော့ ဆက်လက်စုံစမ်းနေဆဲပဲ ” လို့ Brave Warriors For Myanmar - BWM အဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ယင်းလေတပ်စခန်းထဲကို ကာကွယ်ရေးတပ်ဖွဲ့တွေ ရှော့တိုက်ဒုံး ပထမ ၅ လုံး နဲ့ ပစ်ခတ်လိုက်တဲ့အချိန် စစ်ကောင်စီတွေဘက်က လက်နက်ကြီး ၂ လုံးနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပြီး နောက်ထပ် ၅ လုံးနဲ့ ပြန်လည် ပစ်ခတ်ပြီးတော့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ဆိုပါတယ်။
ပစ်ခတ်မှုပြုလုပ်ပြီး ပြန်လည်ဆုတ်ခွာလာတဲ့အချိန် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ တရစပ် ပြန်လည်ပစ်ခတ်ခဲ့သလို လေယာဉ်နဲ့လည်း ပစ်ခတ်သူတွေကိုပတ်ရှာနေပေမဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ဘေးကင်းစွာ ပြန်လည်ထွက်ခွာလာနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။
အခုလို တောင်ငူလေတပ်စခန်းကို သွားရောက်ပစ်ခတ်ရတာ ဒီရက်ထဲမှာ ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ်က အကြည်ပန်းပလွန်ရွာ နဲ့ ကရင်နီဒေသက ကုန်းသာရွာအပါအဝင် မြန်မာပြည်အနှံ့က ပြည်သူတွေကို လေကြောင်းနဲ့ သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လေတပ်ကို ပစ်မှတ်ထားတိုက်ခိုက်နေခြင်းဖြစ်တယ်လို့လည်း အထက်ပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။
“အဖက်ဖက်က ပြိုဆင်းလာတဲ့ အာဏာသိမ်းစစ်ကောင်စီမှာ လေတပ်ကလွဲလို့ အခြားအားကိုးစရာ မရှိတော့ပါဘူး။ ကျနော်တို့ လေတပ်ကိုဖြိုနိုင်ရင် တော်လှန်ရေးနိုင်ပါပြီ။ ” လို့ သူက ဆိုပါတယ်။
ထပ်မံပြီးတော့လည်း BWM ကာကွယ်ရေးတပ်ဖွဲ့ဝင်အနေနဲ့ လေတပ်ဖြိုရေးမစ်ရှင်မှာ မိတ်ဖက်တော်လှန်ရေး အဖွဲ့တွေ အားလုံးနဲ့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဆက်လက် လက်တွဲဆောင်ရွက်သွားမှာဖြစ်သလို အခုမစ်ရှင်မှာ စွန့်စွန့်စားစားပါဝင်ပေးကြတဲ့ MKCDF အဖွဲ့က ရဲဘော်တွေနဲ့ ကျရာနေရာကနေ ကူညီအားဖြည့် ပေးတဲ့ တော်လှန်ရေးမိတ်ဖက်အဖွဲ့ နဲ့ရဲဘော်တွေအားလုံးကိုလည်း အထူးကျေးဇူတင်ကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသေးတယ်။
တိုက်ခိုက်မှုကို Brave Warriors For Myanmar - BWM ၊ Mountain Knights - Civilian Defense Force (MKCDF)၊ သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့ ၊ Fighter Star Kae အဖွဲ့ ၊ စစ်ဒေသ ၃၁ ပါတီရဲဘော်တို့ နဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။
တောင်ငူလေတပ်စခန်းကို BWM တပ်ဖွဲ့အနေနဲ့ သွားရောက်ပစ်ခတ်တာ ၂ ကြိမ်ခန့်ရှိပြီးဖြစ်ပါတယ် ။ မတ် ၁၄ ရက်ကလည်း BWM နဲ့ MKCDF တို့ပူးပေါင်းပြီး သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်
စာတည်း - လင်းဇေ
#မြေလတ်အသံ
#ပဲခူးတိုင်း #တောင်ငူမြို့ #စစ်ကောင်စီ #လေတပ်စခန်း #ကေတုမတီ #BraveWarriorsForMyanmar #BWM
Share Share Share