စစ်ကောင်စီတပ်သားတွေရွာကိုလာရင် သီချင်းဖွင့်ကြိုတဲ့ ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရ

စစ်ကောင်စီတပ်သားတွေရွာကိုလာရင် သီချင်းဖွင့်ကြိုတဲ့ ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူး သေနတ်နဲ့ပစ်ခတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ကြို့ပင်ကောက်မြို့နယ်က ကြံ့ခိုင်ရေးပါတီရပ်ကျေးစည်းရုံးရေးမှူး အမျိုးသား ၁ ဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတဦးဆီက သိရပါတယ်။

သေနတ်နဲ့ပစ်ခံရသူဟာ ကြို့ပင်ကောက်မြို့နယ်၊ ကျွဲသေအုပ်စု၊ မှတ်တိုင်ရွာက အသက် ၅၂ နှစ်အရွယ် ကိုဘိုထွန်း ဆိုသူဖြစ်ပြီး နိုဝင်ဘာ ၅ ရက်ညနေ ၆ နာရီခွဲလောက်က ၎င်းရဲ့နေအိမ်မှာ သေနတ်နဲ့ပစ်ခတ်ခံရတာလို့ ဆိုပါတယ်။

"သေနတ်သံက ၂ ချက် ကြားလိုက်တယ်။ ပါးတခြမ်းပွင့်သွားတယ်လည်း ကြားတယ်။ ‌ရွှေတောင်ကုတင် ၁၀၀ စစ်ဆေးရုံကနေ မသက်သာလို့ ရန်ကုန်လွှဲတယ် ပြောတယ်။" လို့ ကြို့ပင်ကောက် ဒေသခံတဦးက ပြောပါ တယ်။

ကိုဘိုထွန်းဟာ မှတ်တိုင်ရွာက ကြံ့ခိုင်ရေးစည်းရုံးရေးမှူးဖြစ်ပြီး ကျေးရွာထဲကိုစစ်သားတွေလာပါက ကြံ့ခိုင်ရေးပါတီသီချင်းကို အသံချဲ့စက်နဲ့ဖွင့် ကြိုဆိုသလို စစ်သားတွေကို ထမင်းဖိတ်ကျွေးသူလည်းဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

ကိုဘိုထွန်းကို သေနတ်ပစ်ခတ်တာနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ကဆိုတာကို နိုဝင်ဘာ ၈ ရက် ဒီနေ့ထိ သတင်းထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၄ ရက်မွန်းလွဲပိုင်းကလည်း ပေါက်ခေါင်းမြို့နယ်၊ သဖန်းကိုင်းအုပ်စု၊ ကံကလေးရွာက စစ်တပ်သတင်းပေးလုပ်ပြီး ရွာကိုမီးနဲ့ရှို့မယ်လို့ ခြိမ်းခြောက်တဲ့ ကိုဖိုးနီကိုတော့ ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သေနတ်နဲ့ပစ်သတ်ခဲ့ပါသေးတယ်။

စာတည်း - ဟိန်းစံ။

#မြေလတ်အသံ

#ကြံ့ခိုင်ရေးပါတီ #စည်းရုံးရေးမှူး #ကြို့ပင်ကောက် #ပစ်ခတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10