စစ်ကောင်စီတပ်သားတွေ ထွက်ပြေးစွန့်ခွာသွားတဲ့စခန်းကို PDF တွေ မီးရှို့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ တည်သီးတောရွာက စစ်သားနဲ့ ပျူစောထီးတွေကို PDF ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်ချိန်မှာ စစ်ကူလာနိုင်မယ့် ဘေးရွာတွေကို ဒရုန်းနဲ့ တိုက်ခိုက်ပေးခဲ့တယ်လို့ ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

စစ်သားနဲ့ ပျူစောထီး အင်အား ၅၀ ဝန်းကျင်ရှိတဲ့ တည်သီးတောရွာကို နိုဝင်ဘာ၂၅ရက် မနက် ၆ နာရီကနေ နေ့လယ် ၁၁နာရီခွဲအထိ တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။

တည်သီးတောရွာနဲ့ တမိုင်ခန့်ဝေးတဲ့ ဇီးဖြူကုန်းရွာနဲ့ ညောင်ကိုင်းရွာတွေမှာလည်း စစ်သားတွေတပ်စွဲထားတာဖြစ်လို့  တိုက်ပွဲအတွင်း စစ်ကူမလာနိုင်အောင် အဲ့ဒီ ၂ရွာကို ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ပေးခဲ့တာလို့ ဆိုပါတယ်။

အင်အား ၂၀ ကျော်ရှိတဲ့ ဇီးဖြူကုန်းရွာက စစ်သားတွေ စခန်းစွန့်ထွက်ပြေးသွားလို့ PDF တွေက စခန်းနေရာကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြပါတယ်။

ဇီးဖြူကုန်းစခန်းကို ဒရုန်းနဲ့ ၆၀ မမ ဗုံးသီးအစစ်၂လုံး၊ လက်လုပ်ဗုံးသီး ၁၀ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းသိမ်းအပြီးမှာ ပူးပေါင်းတပ်ဖွဲ့တွေက စစ်အုပ်စုအသုံးပြုခဲ့တဲ့ ဘန်ကာတွေကို မီရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုတွေကို ဗိုလ်ကျားရိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဦးဆောင်ပြီး ရွှေဘိုတိုက်နယ် ၂  မဟာမိတ်တပ်ပေါင်းစု ညီ‌နောင်တွေနဲ့ LIGHTNING DRONE FROCE တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#သတင်း #ရုပ်သံ #စစ်ကိုင်း #ရွှေဘို #တည်သီးတော #စစ်သား #ပျူစောထီး #စခန်း #PDF #မီးရှို့ #ဒရုန်း #တိုက်ခိုက်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10