စစ်ကောင်စီတပ်သား ၁ ဦးကိုဖမ်းဆီးချိန် လူကိုမမိဘဲ လက်နက်ခဲယမ်းတွေကိုသိမ်းနိုင်ခဲ့

စစ်ကောင်စီတပ်သား ၁ ဦးကိုဖမ်းဆီးချိန် လူကိုမမိဘဲ လက်နက်ခဲယမ်းတွေကိုသိမ်းနိုင်ခဲ့

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တောင်အိုရွာရှိ စစ်ကောင်စီဂိတ်စခန်းက စစ်သားတဦးကို ဇွန် ၁၉ ရက် မနက်ပိုင်းမှာ ဒေသခံကာကွယ်ရေးတပ်တွေက ဖမ်းဆီးချိန် လူကိုမမိဘဲ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ပခုက္ကူခရိုင် တပ်ရင်း ၃ ဆီက သိရပါတယ်။

အဆိုပါစစ်သားဟာ ထန်းရည်သောက်ပြီး တောင်အိုရွာဂိတ်စခန်းကိုပြန်ချိန် မနက် ၉ နာရီ လောက်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးဖို့လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ 

"ထန်းတဲမှာ တခါတလေ သုံးလေးယောက်လာတယ်ကြားလို့ စောင့်ကြည့်နေတာ။ ခုမှတဦးတည်းထွက်လာတာနဲ့ လက်ရဖမ်းဆီးဖို့ ကြိုးစားခဲ့တာပါ။ လူကတော့ လွတ်သွားတယ်။ လက်နက်ခဲယမ်းတွေ ရလိုက်တယ်" လို့ ပခုက္ကူခရိုင်တပ်ရင်း ၃ တာဝန်ရှိသူတဦးက ပြောပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ပစ်ခတ်တာမရှိဘဲ ဖမ်းဆီးချိန်ထွက်ပြေးသွားတဲ့ စစ်သားဆီကနေ MA1 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခု၊ 5.56 ကျည် ၄၆ တောင့်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

တောင်အိုဂိတ်စခန်းဟာ ပခုက္ကူမြို့ကနေ ၁၈ မိုင်ခန့်အကွာမှာရှိပြီး ခလရ ၂၅၆၊ ၂၅၇၊ ၂၅၈ တပ်ရင်းတွေ ကစစ်သားနဲ့ ပျူစောထီး အင်အား ၄၅ ဦးဝန်း ကျင်တပ်စွဲထားသလို ထောက်ပို့လမ်းကြောင်း အချက်အချာ ကျတဲ့ နေရာဖြစ်တယ်လို့ ပခုက္ကူခရိုင်တပ်ရင်း ၃ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၈ ရက်ညနေပိုင်းကလည်း ပခုက္ကူမြို့နယ်၊ ကင်ပွန်းခါးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေး တပ်စခန်းတခုကို စစ်တပ်ဘက်က ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ ကာကွယ်ရေးရဲဘော် ၂ ဦး၊ ထမင်းချက် ၁ ဦးသေဆုံးခဲ့ပြီး သေနတ် ၃ လက် သိမ်းဆည်းခံခဲ့ရတဲ့ဖြစ်စဥ် ရှိခဲ့ပါသေးတယ်။  

ပုံစာ - သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများကို တွေ့ရစဥ်။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #စစ်ကောင်စီ #စစ်သား #ထွက်ပြေးလွတ်မြောက် #လက်နက်ခဲယမ်း #သိမ်းဆည်းရရှိ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10