စစ်ကောင်စီနဲ့ပျူတွေနေတဲ့ ရေလယ်ကျွန်းကရွာကို PDF တွေ ၂ ကြိမ်မြောက် ဝင်တိုက်ခိုက် (ရုပ်/သံ)

မကွေးတိုင်း၊ ရေစကြိုမြို့၊ ရေလယ်ကျွန်းပေါ်မှာ တပ်စွဲနေတဲ့ မင်းရွာကို ၂ ကြိမ်မြောက်အဖြစ် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မင်းရွာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိုင်ချတပ်စွဲနေတာဖြစ်ပြီး မေ ၁၂ ရက်နေ့ မနက် ၄ နာရီခွဲဝန်းကျင်တွင် မဟာမိတ်ပူးပေါင်းအဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်တာလို့ မြင်းခြံခရိုင်တပ်ရင်းအမှတ်-၃၊ တပ်ဖွဲ့တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

"အနီးကပ်ဝင်တိုက်ခဲ့တာ မီတာ ၁၅၀ အကွာလောက်ပဲရှိမယ်။ တိုက်ခိုက်ချိန် ၄၅ မိနစ်လောက်ကြာတယ်။ ပျူတွေပဲနေတော့ ထိခိုက်သေဆုံးတာ မသိရသေးပါဘူး" လို့ ပြောပါတယ်။


အဲ့ဒီ မင်းရွာမှာ ပျူအင်အား ၄၀ ကျော်နဲ့ စစ်သား ၃၀ လောက် အထိုင်ချတပ်စွဲနေတာ တနှစ်ကျော်ရှိနေပြီး အနီးဝန်းကျင်က ရွာတွေကို မကြာခဏ စစ်ကြောင်းထိုးတာတွေ အရပ်သားပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာတွေ လုပ်နေလို့ ကာကွယ်ရေးအဖွဲ့တွေက မကြာမကြာ သွားရောက်ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မင်းရွာကို ပစ်ခတ်တိုက်ခတ်မှုမှာ မြင်းခြံခရိုင်တပ်ရင်းအမှတ်-၃၊ Burmese Guerrilla Force၊ The value of young men၊ အလယ်ပိုင်းဒေသလွတ်မြောက်ရေးတပ် (LACR)နဲ့ ရေလယ်ကျွန်း မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေးအဖွဲ့တွေဘက်က အထိခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

တည်းဖြတ်-ငြိမ်းဇော်
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10