စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးကျည်ထိလို့ အမျိုးသမီးတဦးဒဏ်ရာရ

စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးကျည်ထိလို့ အမျိုးသမီးတဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာကနေ ပျူစောထီးနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ နဂါးတွင်းကျေးရွာက အသက် ၁၇ နှစ်အရွယ်အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မုံရွာမြို့ခံတဦးဆီက သိရပါတယ်။

 

ဇူလိုင် ၅ ရက် ဒီနေ့မနက် ၃ နာရီကျော်လောက်မှာ တောပုရွာက ပျူစောထီး၊ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့ပစ်ခတ်မှု ၂ နာရီကျော်လောက်ဖြစ်ခဲ့ပါတယ်။ ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး မနက် ၁၀ နာရီလောက်မှာ တောပုရွာကနေလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ နဂါးတွင်းရွာက အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။

 

“ကောင်မလေးရဲ့နာမည်ကိုတော့ ပြောပြလို့မရပါဘူး။ အခုတော့ သူ့ကိုဆေးကုသမှုပေးနေပါတယ်။ မစိုးရိမ်ရပါဘူး အခုလည်းနဂါးတွင်းကျေးရွာက ဒေသခံတွေလည်းထွက်ပြေးနေရတယ်”လို့ မုံရွာမြို့ခံတဦးက ဆိုပါတယ်။

 

အခုလို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေလို့ နဂါးတွင်းကျေးရွာနဲ့ ကျွန်းရွာသစ်က ဒေသခံ ၁၅၀၀ နီးပါးဟာ တောတွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း ဆိုပါတယ်။

 

အလားတူ ချောင်းဦးမြို့နယ် ကံကြီးကုန်းရွာမှာလည်း ဒီနေ့မနက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့ပစ်ခတ်မှုဖြစ်နေချိန် မနက် ၁၀ နာရီကျော်လောက်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာတစီး လာရောက်ပစ်ကူပေးခဲ့တယ်လို့လည်း သိရပါတယ်။

 

စာတည်း - ဇို

#မြေလတ်အသံ

 

#မုံရွာ #တောပု #ပျူစောထီး #စစ်ကောင်စီ #PDF #လက်နက်ကြီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10