သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ဘက်ကနေ မုံရွာမြို့ဘက်ကိုထွက်လာတဲ့ စစ်ကောင်စီယာဥ်တန်းကို လုံခြုံရေးယူပေးနေတဲ့ ကင်းပုန်းဝပ်စစ်သားတွေနဲ့ ပစ်ခတ်မှုဖြစ်ပြီး စစ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Black Hero LPDF အဖွဲ့ဆီက သိရပါတယ်။
အင်အား ၁၅ ဦးလောက်နဲ့ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့ နိုဝင်ဘာ ၄ ရက်ညနေ ၃ နာရီလောက်ကနေ ၃ မိနစ်ဝန်းကျင် အနီးကပ်ပစ်ခတ်မှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။
"ကျနော်တို့က ဒီနေရာမှာ ဒီကောင်တွေကင်းပုန်းရှိတယ်ဆိုတာကို သိတယ်။ သိတာကြောင့် သူတို့နဲ့ မလှမ်းမကမ်းလေးကနေ ဆီဘောက်ဆာကားတွေအလာကို ကျနော်တို့က တက်ပစ်မှာ။ သူတို့ ဆီဘောက်ဆာကားတွေကို ဂရုစိုက်နေတဲ့အချိန်မှာ တက်ပစ်မှာ။ ပြောရရင် သူတို့နဲ့ပထမဆုံး ထိတွေ့သွားတာပေါ့" ့ Black Hero LPDF အဖွဲ့တာဝန်ခံ KB ကပြောပါတယ်။
ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက အဲ့ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ ဆီဘောက်ဆာကား၊ သံပြာကာကားနဲ့ ရိက္ခာတင်ကားတွေပါတဲ့ ကားအစီးရေ ၄၀ ဝန်းကျင်ပါ ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ မအောင်မြင်ခဲ့တာကြောင့် ညနေပိုင်းမှာ ထပ်မံတိုက်ခိုက်ဖို့စောင့်နေချိန် ခုလို ပစ်ခတ်မှုဖြစ်ခဲ့တာပါ။
"ကျနော်တို့က မနက်ခင်းမှာ မိုင်းပွိုင့်ကို သွားဆွဲတယ်၊ မနက်ခင်းက ၂ ပွိုင့်ဆွဲတာမှာ ၁ ပွိုင့်က မမိလိုက်ဘူး နောက်ထပ် ၁ ပွိုင့်ထပ်ဆွဲတဲ့အချိန်မှာ ကျနော်တို့ ဆွဲမိုင်းဆွဲတာဖြစ်တဲ့အတွက် ကြိုး Error ဖြစ်သွားလို့ မကွဲလိုက်ဘူး" လို့ Black Hero LPDF အဖွဲ့ တာဝန်ခံ KB ကပြောပါတယ်။
ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးပြီး အဲ့ဒီစစ်သားတွေကို စစ်ကောင်စီ ယာဥ်တန်းထဲက ကား ၁ စီးပေါ်ကို တင်သွားတာကို မျက်မြင်တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။
"ကားတန်းထဲက ကား ၁ စီးနဲ့သယ်သွားတာ၊ ကားတန်းကလည်းများတယ် ၄၀ ကျော်သာပြောတာ၊ များတယ်။ ကားတန်းထဲက ကားပေါ်ဆွဲတင်သွားတာကိုမြင်လိုက်တာ " လို့ တာဝန်ခံ KB က ပြောပါတယ်။
မန္တလေး-မုံရွာ လမ်းပိုင်းကို စစ်ကောင်စီဟာ ကြေးနီသယ်တာ၊ ဆီသယ်တာ နဲ့ ရိက္ခာတင်တာတွေ လုပ်ဆောင်တော့မယ်ဆိုရင် လမ်းပိုင်းလုံခြုံရေးအတွက် ကားလမ်းမတလျှောက် ခုလို ကင်းပုန်းတွေ ကြိုချထားလေ့ရှိတယ်လို့လည်း ဆိုပါတယ်။
ဒီတိုက်ခိုက်မူကို Black Hero LPDF၊ ဘာမထီတော်လှန်ရေးတပ်ဖွဲ့၊ IDIOTS COIUMN၊ The Brightness Monywa တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလည်း သိရပါတယ်။
ပုံစာ - ရှေ့တန်းရောက် Black Hero LPDF နဲ့ မဟာမိတ်တပ်ဖွဲ့ဝင်များ။
စာတည်း - လင်း
#မြေလတ်အသံ
#စစ်ကိုင်း #မုံရွာ #စစ်ကောင်စီ #တိုက်ခိုက်
Share Share Share