သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပြီးခဲ့တဲ့စက်တင်ဘာလအတွင်း စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေကြောင့် စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းစတဲ့ မြေလတ်ဒေသအပါ နိုင်ငံတဝန်းက မြန်မာအမျိုးသမီး ၆၃ ဦးသေဆုံးပြီး ၆၂ ဦးဒဏ်ရာရရှိခဲ့တယ်လို့ အောက်တိုဘာ ၄ ရက်မှာ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကထုတ်ပြန်ထားပါတယ်။
သေဆုံးသူတွေဟာ စစ်ကိုင်းတိုင်းက ၈ ဦး၊ ပဲခူးတိုင်းက ၆ ဦး၊ မကွေးတိုင်းက ၄ ဦး၊ မန္တလေးတိုင်းက ၁၅ ဦး၊ ရှမ်းပြည်နယ်က ၂၁ ဦး၊ မွန်ပြည်နယ်က ၂ ဦး၊ တနင်္သာရီတိုင်းက ၃ ဦး၊ ရခိုင်ပြည်နယ်က ၃ ဦးနဲ့ ကချင်ပြည်နယ်က ၁ ဦးတို့ဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးခဲ့သူတွေထဲမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ၄၄ ဦး၊ လက်နက်ကြီး ထိမှန်မှုကြောင့် ၈ ဦး၊ သတ်ဖြတ်ခံရမှုကြောင့် ၆ ဦး၊ ဒရုန်းတိုက်ခိုက်မှုကြောင့် ၂ ဦး၊ မီးရှို့သတ်ဖြတ်ခံရမှုကြောင့် ၂ ဦး၊ ဆေးကုသခွင့်မရရှိသူ ၁ ဦးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင်ဒဏ်ရာရသူတွေဟာလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ၃၄ ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၁၁ ဦး၊ ဒရုန်းတိုက်ခိုက်မှုကြောင့် ၅ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၅ ဦး၊ ဗုံးပေါက်ကွဲမှုကြောင့် ၁ ဦးနဲ့ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကြောင့် ၆ ဦးရှိတယ်လို့ ဆိုပါတယ်။
တဆက်တည်းမှာပဲ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ဖေဖေါ်ဝါရီအထိ သုံးနှစ်တာအတွင်း နိုင်ငံတဝန်းကမြန်မာအမျိုးသမီး အသတ်ခံရသူ ၈၀၆ ဦးရှိပြီး ၃,၃၃၂ ဦး ဖမ်းဆီးခံထားရတယ်လို့ ရေးသားထားပါတယ်။
ဒီအချက်အလက်တွေဟာ BWU ကလက်လှမ်းမီသမျှ ကောက်ယူပြုစုထားတာဖြစ်ပြီး လက်တွေ့မှာ ဒီထက်ပိုများနိုင်တယ်လို့ ဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့အချက်အလက်တွေအရ စစ်အာဏာသိမ်းချိန်ကာလကနေ ၂ဝ၂၄ စက်တင်ဘာ ၃၀ ရက်အတွင်း အမျိုးသမီး ၅,၆၉ဝ ဦး ဖမ်းဆီးခံခဲ့ရပြီး ၄,၀၇၂ ဦးကတော့ ဆက်လက်ထိန်းသိမ်းထားတယ်လို့လည်း ဖော်ပြထားပါသေးတယ်။
ပုံစာ - စက်တင်ဘာ ၂၂ ရက်က စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သည့် မြင်းခြံမြို့နယ်၊ ချေဆေးရွာမှ ဒေသခံအမျိုးသမီး။
စာတည်း - လင်း
#မြေလတ်အသံ
#မြေလတ်ဒေသ #အမျိုးသမီး #သေဆုံး #စစ်အာဏာသိမ်းမှု
Share Share Share