စစ်ကောင်စီလမ်းပြ ပျူစောထီးတပ်ဖွဲ့ဝင်တဦး ပစ်ခတ်ခံရလို့သေဆုံး

စစ်ကောင်စီလမ်းပြ ပျူစောထီးတပ်ဖွဲ့ဝင်တဦး ပစ်ခတ်ခံရလို့သေဆုံး

စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးကျေးရွာမှာ နေထိုင်တဲ့ စစ်ကောင်စီလမ်းပြ ပျူစောထီးတပ်ဖွဲ့ဝင် တဦးကို သူနေထိုင်ရာ ရွာကအိမ်မှာပဲ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သွားရောက်ပစ်ခတ်ခဲ့လို့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

 

ရွာသစ်ကြီးရွာသား ပျူစောထီး ဦးအေးလွင်ဟာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး သူနဲ့အဆင်မပြေတဲ့ ပြည်သူတွေကို ဖမ်းဆီးစေခိုင်းတာတွေ ပြုလုပ်နေလို့ ထွက်ပြေးနေရတဲ့ ပြည်သူတွေရှိသလို ဖမ်းဆီးခံရတဲ့ ပြည်သူတွေလည်း ရှိတယ်လို့လည်း ယက္ခညီနောင် PDF – Mandalay တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“ကျနော်တို့ ပျူစောထီး အေးလွင်ကိုပဲ ပစ်ခဲ့တာပါ။ ကျန်တဲ့သူတွေကို ဘာမှမလုပ်ခဲ့ပါဘူး။ ကျနော်တို့အနေနဲ့ကတော့ စစ်ကောင်စီဒေါက်တိုင် ပြည်သူတွေကို အမြဲဒုက္ခပေးနေတဲ့ ပျူတွေ၊ ဒလန်တွေကို နယ်စီးမခြားဘဲ တိုက်ခိုက်ရှင်းလင်းသုတ်သင်သွားပါမယ်” လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့က ပြုလုပ်ခဲ့ပေမဲ့လည်း ရဲဘော်တွေ ဘေးကင်းရာကို မရောက်ရှိသေးတဲ့အတွက် မတ်လ ၃ ရက် ဒီကနေ့မှ ထုတ်ပြန်ရခြင်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ယင်းပစ်ခတ်မှုကို ယက္ခညီနောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ PRFK (Kse)၊ Mahar (SGG) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

မတ်လ (၁) ရက်နေ့ကလည်း ယက္ခညီနောင် PDF-Mandalay တပ်ဖွဲ့ဟာ စစ်ကိုင်းမြို့နယ်ထဲက ကျေးရွာတရွာကို ဝင်ရောက်သောင်းကျန်းနေတဲ့ အင်အား (၈၀) နီးပါးရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို (၆၀)မမ လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့ပါသေးတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10