စစ်ကောင်စီအောက် စစ်မှုမထမ်းချင်သူတွေ PDF ထဲမှာ စစ်သင်တန်းဆင်းသစ္စာဆိုကြပြီ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်အတွင်း အခြေစိုက်ထားတဲ့ Myingyan Black Tiger-MBT PDF တပ်ဖွဲ့ အပတ်စဥ် ၉ သင်တန်းဆင်းပွဲကို မတ်လ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် စစ်တပ်လက်အောက်မှာ စစ်မှုမထမ်းလိုဘဲ တော်လှန်ရေးတပ်ဖွဲ့ထဲကို ဝင်ရောက်လာတဲ့ ရဲဘော်သစ် ၄၀ ကျော်ကို ပထမဆုံးအကြိမ်အဖြစ် ဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်ပြီး  အခြေခံစစ်ပညာသင်တန်းကို သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။

သင်တန်းကာလ ရက်ပေါင်း ၃၅ ရက်ကျော်ကြာမြင့်ခဲ့ကာ မတ်လ ၂၈ ရက်နေ့မှာ တော့သင်တန်းဆင်းခဲ့တာဖြစ်ပြီး ရဲဘော်သစ်တွေကိုလည်း တိုက်ပွဲဝင်ဖို့ လက်နက်တွေ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

PDF ရဲဘော်သစ်တွေအတွက် လက်နက်တွေကို Myingyan Black Tiger-MBT PDF တပ်ဖွဲ့က ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ မောင်းပြန်ရိုင်ဖယ် သေနတ်တွေကို မျှဝေပေးခဲ့တယ်လို့ MBT - PDF တပ်ရင်း တာဝန်ခံ ဗိုလ်မိုက်ခဲက ပြောပါတယ်။

အပတ်စဥ် ၉ သင်တန်းဆင်း ရဲဘော်တွေဟာ MBT တပ်ဖွဲ့နဲ့ပြည်သူလူထုအပေါ် သစ္စာစောင့်သိရမှာဖြစ်သလို စစ်ကောင်စီကိုလည်း အမြစ်ပြတ်တဲ့အထိ တော်လှန်တိုက်ခိုက်သွားရမယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP။

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ရေစကြို #PDF #သင်တန်း #လက်နက်ပေးအပ် #MBTPDF #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10