စစ်ကောင်စီအောက်မဝင်ချင်လို့ MBT တပ်ဖွဲ့ထဲရောက်လာတဲ့ တပ်သား ၅၀ကို စစ်သင်တန်းစပေး (ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံအခြေစိုက် Myingyan Black Tiger-PDF တပ်ဖွဲ့မှာ မတ် လ ၁ ရက်ကစပြီး တော်လှန်ရေးရဲဘော်သစ်တွေကို စစ်ပညာတွေသင်ကြားပေးနေတယ်လို့  Myingyan Black Tiger - MBT တပ်ဖွဲ့ဆီက သိရပါတယ်။

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် စစ်ကောင်စီအောက်မဝင်လိုတဲ့အတွက် ဖေဖော်ဝါရီလ လယ်ပိုင်းကစပြီး နေရာဒေသအသီးသီးကလူငယ်တွေ MBT တပ်ဖွဲ့ထဲကို ဝင်ရောက်လာရာ စီစစ်ရွေးချယ်ပြီး အင်အား ၅၀ ကျော်ကို အပတ်စဥ် ၉ စစ်မြေပြင်သင်တန်းတွေ စတင်သင်ကြားပေးနေတာလို့ MBT PDF တပ်ဖွဲ့တာဝန်ခံ ဗိုလ်မိုက်ခဲက ပြောပါတယ်။

သင်တန်းသားတွေမှာ ကွန်ပျူတာနည်းပညာ ကျွမ်းကျင်သူတွေ၊ စက်မှုပိုင်း နာလည်းတတ် ကျွမ်းသူတွေ၊ ပန်းရံဆရာ၊ သံထည်ပစ္စည်းထုတ်လုပ်တဲ့ဆရာတွေ၊ ကျောင်းသားလူငယ်တွေ၊ နိုင်ငံရပ်ခြားမသွားရတော့တဲ့သူတွေ စတဲ့အလွှာပေါင်းစုံက လူငယ်တွေ ပါတော်လှန်ရေးတပ်ဖွဲ့ထဲကို ဝင်ရောက်လာကြတယ်လို့ သိရပါတယ်။

အပတ်စဥ် ၉ သင်တန်းမှာ အခြေခံစစ်ပညာသင်တန်းထက် သာလွန်တဲ့သင်တန်းတခုဖြစ်သလို ရက်အကန့်အသတ်မရှိဘဲ သင်ယူတတ်မြောက်တဲ့နေ့အထိ သင်ကြားပေးသွားမယ်လို့ ဆိုပါတယ်။

သင်တန်းသားရဲဘော်တွေအတွက် MBT PDF တပ်ဖွဲ့ဌာနချုပ်လက်အောက်ခံ တပ်ခွဲ ၃ ခုမှာလည်း ထမင်းစားဆောင်၊ မီးဖိုဆောင်၊ အိပ်ဆောင်တွေကိုလည်း တိုးချဲဆောက်လုပ်နေရသလို စားနပ်ရိက္ခာ လုံလောက်ဖို့လည်း အတတ်နိုင်ဆုံး ကြိုစားလုပ်ကိုင်နေတယ်လို့ သိရပါတယ်။

စာတည်း-နွေဦးငြိမ်းချမ်း၊ တည်းဖြတ်-ငြိမ်းဇော်။

#မြေလတ်အသံ

#မန္တလေး #မြင်းခြံ #တော်လှန်ရေးတပ်ဖွဲ့ #စစ်သင်တန်း #ရဲဘော်သစ်များ #MBTPDF #စားနပ်ရိက္ခာ #လက်နက်ခဲယမ်း #အကူအညီလိုအပ် #မြေလတ်သတင်း #ရုပ်သံသတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10