စစ်ကောင်စီ ၁၂ ဘီးကားယာဉ်တန်း ၂ ကြိမ်တိုက်ခိုက်ခံရလို့ ၁ စီးမီးလောင်ပြီး ထိခိုက်သူတွေလည်းရှိ

စစ်ကောင်စီ ၁၂ ဘီးကားယာဉ်တန်း ၂ ကြိမ်တိုက်ခိုက်ခံရလို့ ၁ စီးမီးလောင်ပြီး ထိခိုက်သူတွေလည်းရှိ

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ က ထွက်လာတဲ့ စစ်ကောင်စီ ၁၂ ဘီးကားယာဉ်တန်း ပခုက္ကူ - ကံမ လမ်းပိုင်းမှာ မေလ ၇ ရက်မနေ့မနက်ပိုင်းက ဒရုန်းဗုံး၊ မိုင်းတွေနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

တပ်မ ၁၀၁ ကလာတဲ့ ၁၂ ဘီးကား ၅ စီးပါ ယာဉ်တန်းကို မနေ့မနက် ၈ နာရီဝန်းကျင်က ပခုက္ကူမြို့နယ်၊ သာတောင်ကြီးရေနံမြေစခန်းအနီး အရောက်မှာ ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တာလို့ ပခုက္ကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။


“ပခုက္ကူကနေထွက်လာတဲ့ စစ်ကား ၅ စီးကို ဒရုန်းနဲ့ အီနာဂါ ၆ လုံးကြဲတာမှာ ကား ၂ စီးထိပြီး ၄ ဦး ဒဏ်ရာရတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သား ၁၅၀ ဝန်းကျင်ပါ အဲ့ဒီ ၁၂ ဘီးယာဉ်တန်းကိုပဲ မနက် ၈ နာရီခွဲက ကန်တော်ကျေးရွာအနီးမှာ မိုင်းပွိုင့်တပွိုင့် မိုင်းကြီးတလုံးနဲ့ ထပ်မံမိုင်းဆွဲခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - မြိုင်မြိ့နယ် တာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

“ ၅ စီးလာတာမှာ ပထမဆုံးကားကို မိုင်းဆွဲတာ ၈ ယောက်လောက် ဒဏ်ရာရတယ်။ ကားကဆက်မောင်းသွားပြီး ကံမမြို့အနီး ဂျိုးပျံရပ်ကွက်မှာ မီးလောင်သွားတာ။ ဒဏ်ရာရတဲ့ ၈ ဦးကို‌တော့ အဲ့ဒီရပ်ကွက်မှာပဲ ဆေးကုနေတယ်” လို့ ပြောပါတယ်။

မေလ ၇ ရက်နေ့မနက်ပိုင်းမှာပဲ ပေါက်မြို့နယ်၊အုန်းတောရွာအနီး လမ်းသွားလမ်းလာတွေကို အုပ်စုဖွဲ့ စစ်ဆေးနေတဲ့ စစ်ကောင်စီတပ်သား ၄၀ ခန့်ကို မိုင်း ၁၆ လုံးခွဲပြီး တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်လို့ မြိုင် PDF က ထုတ်ပြန်ထားပါတယ်။

စာတည်း-ရင်ငြိမ်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10