စစ်ကြောင်းထိုးပြီးပြန်လာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲခံရလို့ ၂ ဦးဒဏ်ရာပြင်းထန်

စစ်ကြောင်းထိုးပြီးပြန်လာတဲ့ စစ်ကောင်စီတပ် မိုင်းဆွဲခံရလို့ ၂ ဦးဒဏ်ရာပြင်းထန်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မယ်မသော်ကျေးရွာကနေ စစ်ကြောင်းထိုးပြီးပြန်လာတဲ့ စစ်ကောင်စီတပ်ကို  ဇွန်လ ၃ ရက် မနက် ၆ နာရီခန့်မှာ  မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အင်အား ၅၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မယ်မသော်ရွာကနေ  ကျောက်ရစ်ရွာစခန်းကို ခြေလျင် စစ်ကြောင်းနဲ့ပြန်လာချိန် မယ်မသော်ရွာပြင်အရောက်မှာ ရှေ့ထွက်ကြီးကြပ်မိုင်းအမျိုးအစားနဲ့ တိုက်ခိုက်ခဲ့တာလို့ Farmers Revolution Force မုံရွာခရိုင်တပ်ရင်း − ၈ မှ တပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

“သူတို့(စစ်ကောင်စီတပ်)ကို ရွာအပြင်လယ်ကွင်းတွေကြားမှာ မိုင်းဆွဲခဲ့ပါတယ်။  မိုင်းဆွဲလိုက်တော့ မိုင်းဘေးမှာ ကပ်ပြီးရှိနေတဲ့ စကစ ၂ ကောင် မသေရင်တောင် ဒဏ်ရာပြင်းထန်ဖြစ်မှာသေချာတယ်။ အသေအပျောက်ကတော့ ကျနော်တို့မသိရသေးပါဘူး” လို့ ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီတပ်က လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က အထိခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပြီး အဲ့ဒီစစ်ကြောင်းဟာ ကျောက်ရစ်စခန်းကို ပြန်လည်ဝင်ရောက်သွားတယ်လို့လည်း ဆိုပါတယ်။

ယင်းတိုက်ခိုက်မှုကို 11 Brother Revolution Force (11 BRF)၊ Farmer Revolution Force မုံရွာခရိုင်တပ်ရင်း − ၈ နဲ့ မြောင်မြို့နယ် ပ.က.ဖ အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဇွန်လ ၄ ရက် မနေ့ကလည်း မုံရွာခရိုင်တပ်ရင်း ၈ FRF တပ်ဖွဲ့ဟာ ချောင်းဦးမြို့နယ်က လဝကရုံးအနီး ကင်းစောင့်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ၄ ဦးသေဆုံးကာ သေနတ် ၄ လက်သိမ်းဆည်းနိုင်ခဲ့ပါသေးတယ်။

 

ပုံစာ - မုံရွာခရိုင် တပ်ရင်း ၈ PDF တပ်ဖွဲ့ဝင်များ။

စာတည်း − ရင်ငြိမ်း

 

#မြေလတ်အသံ

#စစ်ကိုင်း #မြောင် #စစ်ကောင်စီတပ် #ဒဏ်ရာပြင်းထန် #မိုင်းဆွဲတိုက်ခိုက် #FRF #11BRF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10