စစ်ကြောင်းနဲ့ထိပ်တိုက်တိုးပြီး ဖမ်းဆီးပစ်သတ်ခံရတဲ့ PDF ရဲဘော် နာရေး (ရုပ်/သံ)

စစ်ကောင်စီစစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးသတ်ဖြတ်ခံလိုက်ရတဲ့ ကင်းထောက် PDF ရဲဘော်ရဲ့နာရေးကို ဒီဇင်ဘာ ၇ရက် နေ့လယ်ပိုင်းက ပဲခူးရိုးမအစပ်တနေရာမှာ မြေမြုပ်သင်္ဂြိုဟ်ခဲ့ကြပါတယ်။

Hero ပြောက်ကျားတပ်ဖွဲ့ရဲ့ ကင်းထောက်တာဝန်ယူထားသူ အသက် ၅၂ နှစ်အရွယ် ရဲဘော်မွန်ကြီး (ခ) ဦးဇေယျာဝင်းဟာ ဒီဇင်ဘာ ၄ရက် ညနေပိုင်းမှာ အုတ်ဖိုမြို့နယ်၊ ဗျူဟာလမ်း၊ မအူချောင်းရွာအနီးမှာ အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိပ်တိုက်တိုးကာ ဖမ်းဆီးရိုက်နှက် ပစ်သတ်ခံရတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၅ Hero၊ ပြောက်ကျားတပ်ဖွဲ့ တပ်ခွဲမှူး ဗိုလ်မိုးကြိုးက ပြောပါတယ်။

ကျဆုံးရဲဘော် ဦးဇေယျာဝင်းဟာ Hero ပြောက်ကျားတပ်ဖွဲ့ကို ၂၀၂၂ ဖေဖေါ်ဝါရီ ၃ ရက်က စတင်ဝင်ရောက်ကာ ကျဆုံးချိန်ထိ ၂ နှစ်နဲ့ ၁၀ လ တာဝန်ထမ်းခဲ့တာဖြစ်ပြီး တပ်ဖွဲ့ကို စတင်ဝင်ရောက်ချိန်ကတည်းက မိသားစုကို အဆက်အသွယ်ဖြတ်တောက်ခဲ့တာလို့လည်း ပြောပါတယ်။

ရဲဘော်မွန်ကြီး (ခ) ဦးဇေယျာဝင်းဟာ တပ်ဖွဲ့မှာ ဒုတိယမြောက်ကျဆုံးသူဖြစ်ကာ အခုနှစ် ဇွန်လ ၁၃ ရက်ကလည်း အုတ်ဖိုမြို့နယ် ဂမုန်းဆည်တိုက်ပွဲမှာ စစ်ကောင်စီတပ်က ပစ်တဲ့ လက်နက်ကြီး ကျည်စ ဦးခေါင်းထိမှန်ကာ ရဲဘော်အောင်နိုင်ကျဆုံးခဲ့ရပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#ကြို့ပင်ကောက် #စစ်ကောင်စီ #ဖမ်းဆီးပစ်သတ် #PDF #နာရေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10