စစ်ကြောင်းလာနိုင်တဲ့အတွက် ပခုက္ကူ-ကမ္မ-ရေပြာလမ်းပိုင်းကို သွားလာခွင့်ယာယီပိတ်

စစ်ကြောင်းလာနိုင်တဲ့အတွက် ပခုက္ကူ-ကမ္မ-ရေပြာလမ်းပိုင်းကို သွားလာခွင့်ယာယီပိတ်

မကွေးတိုင်း၊ ပခုက္ကူမြိုု့နယ်ထဲက ပခုက္ကူ-ကမ္မ-ရေပြာလမ်း အသုံးပြုခွင့်ကို နိုဝင်ဘာလ ၇ ရက် ဒီနေ့မနက်ကစတင်ကာ သွားလာအသုံးပြုခွင့် ယာယီပိတ်လိုက်တယ်လို့ ကမ္မဒေသတော်လှန်ရေးအင်အားစု - Kamma Defence Force (KMDF)ရဲ့ တာဝန်ရှိသူဆီက သိရပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာလကတည်းက ပခုက္ကူမြို့ကနေ ပေါက်မြို့ကိုရောက်နေတဲ့ အင်အား ၂၅၀ ဝန်းကျင်ရှိ စစ်အုပ်စုက ပခုက္ကူမြို့ကို ပြန်မယ်လို့ သတင်းရတဲ့အတွက် အဆိုပါလမ်းပိုင်းကို ယာယီပိတ်ခဲ့တာလို့ ဆိုပါတယ်။

ဒေသန္တရလုံခြုံရေးအရ အရေးပေါ်ကျန်းမာရေးကိစ္စမှလွဲပြီး လူပုဂ္ဂိုလ်နဲ့ မည်သည့်ယာဉ်ကိုမှ  ကူးသန်းခွင့်ပြုမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ 

“စစ်**လမ်းကြောင်းရှိလို့ ပြည်သူအန္တရာယ်ကင်းဖို့အတွက် လမ်းအသုံးပြုခွင့်ပိတ်တာပါ” လို့ Kamma Defence Force (KMDF) ရဲ့တာဝန်ခံ ကိုနေသူရိန်က ပြောပါတယ်။

အရေးပေါ်ကျန်းမာရေးကြောင့်သွားလာလိုပါက သက်ဆိုင်ရာရပ်ကျေး၊ မြို့နယ်၊ ခရိုင်စတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့အပြင် နီးစပ်ရာဒေသခံတော်လှန်ရေးအဖွဲ့ဆီကို ချိတ်ဆက်ပြီး ဒေသန္တရ လမ်းညွှန်ချက်တွေနဲ့ သွားလာနိုင်တယ်လို့ ဆိုပါတယ်။ 

အခုထုတ်ပြန်ချက်ဟာ နောက်ထပ်ကြေညာချက်မထုတ်ပြန်မီအထိ အသက်ဝင်နေပြီး  မလိုက်နာဘဲ လမ်းအသုံးပြုပါက နောက်ဆက်တွဲဖြစ်စဉ်တွေကို တာဝန်ယူမှာမဟုတ်ဘူးလို့ KMDF ရဲ့ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ပခုက္ကူ #ပေါက် #ရေပြာ #ကမ္မ #လမ်းပိုင်းအသုံးပြုခွင့်ပိတ် #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10