စစ်တပ်က စွန့်ပစ်ခဲ့တဲ့ပျူစောထီးအလောင်းကို Bo Tiger အဖွဲ့က မီးသင်္ဂြိုဟ်ပေး

စစ်တပ်က စွန့်ပစ်ခဲ့တဲ့ပျူစောထီးအလောင်းကို Bo Tiger အဖွဲ့က မီးသင်္ဂြိုဟ်ပေး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာ စစ်တပ်ကစွန့်ပစ်ခဲ့တဲ့ ပျူစောထီးအလောင်းကို ဇူလိုင် ၇ ရက် ဒီနေ့မနက်မှာ BoTiger အဖွဲ့ကမီးသင်္ဂြိုဟ်ပေးခဲ့ရတယ်လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။

 

ဝက်လက်မြို့နယ်၊ ရွှေညောင်တော်ဘုရားအရှေ့ဘက် ပေ ၃၀၀ အကွာလောက်မှာ ဒီမနက် ၁၀ နာရီခွဲဝန်းကျင်လောက်က တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

 

"အလောင်းက ပုပ်နေလို့ ပြည်သူတွေ အထိတ်တလန့်မဖြစ်စေဖို့နဲ့ သေတဲ့သူကိုလည်း လူသားချင်းစာနာတဲ့ အနေနဲ့ မီးသင်္ဂြိုဟ်ပေးခဲ့ပါတယ်"လို့ ဗိုလ်ကျားကြီးက ပြောပါတယ်။

 

သေဆုံးသူဟာ စစ်ကောင်စီစစ်ကြောင်းနောက်ကို အမြဲလိုလိုက်ပါနေတဲ့ ပျူစောထီးတဦးဖြစ်ပြီး ဇူလိုင် ၂ ရက်က စစ်ကောင်စီစစ်ကြောင်း ရွှေကျင်ရွာဘက်ကိုလာချိန်မှာ မိုင်းဆွဲတာခံရပြီး သေဆုံးသွားတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

 

အဲ့ဒီစစ်ကြာင်းဟာ ဇူလိုင် ၃ ရက် ညနေက ရွှေကျင်ရွာက ဘုန်းကြီးကျောင်းကိုဖျက်ဆီးကာ နေအိမ် ၄၀ လောက်ကို မီးရှို့ခဲ့တဲ့စစ်ကြောင်းလို့လည်း ဆိုပါတယ်။ 

 

ဝက်လက်မြို့နယ်ကို စစ်တပ်က နေ့စဥ်ဆိုသလို စစ်ကြောင်းထိုးနေပြီး ဇူလိုင် ၆ ရက် မနက် ၅ နာရီလောက်ကလည်း ဝက်လက်မြို့နယ်က ရွှေပန်းကုန်းရွာကို စျေးရောင်းဖို့သွားတဲ့ သမားရိုးရွာက ဒေသခံ ၇ ဦးကိုလည်း စစ်တပ်က အကြောင်းမဲ့ပစ်သတ်ခဲ့ပါသေးတယ်။

 

ပုံစာ - Bo Tiger အဖွဲ့မှ ရဲဘော်များ။

 

စာတည်း-လင်းဇေ

 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဝက်လက်မြို့နယ် #စစ်တပ် #ပျူစောထီး #မီးသင်္ဂြိုဟ် #ဗိုလ်ကျားကြီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10