စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီးတဦး ကျည်ထိမှန်သေဆုံး

စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီးတဦး ကျည်ထိမှန်သေဆုံး

 
 
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ မူးသာကုန်းကျေးရွာထဲကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၁ ရက် ဒီနေ့နေ့လယ်လောက်မှာ လက်နက်ကြီး နဲ့ပစ်ခတ်ခဲ့တာကြောင့် အသက် ၂၀ နှစ်အရွယ်အမျိုးသမီးတဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။
 
စစ်ကောင်စီတပ်ဖွဲ့ဟာ ရေဦးမြို့နယ် တိုင်းရင်းဆေးရုံထဲကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် မူးသာကုန်ရွာသားတဦးရဲ့နေအိမ်ပေါ်ကျရောက်ခဲ့ရာ မိသားစု ၄ ဦးအနက် ၃ ဦးဒဏ်ရာရပြီး ၁ ဦးမှာသေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။
 
“လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တာကတော့ နေ့တိုင်းဆိုသလိုပါပဲ။ အရင်ကတော့ လူထိခိုက်တာမျိုးတော့ရှိတယ်။ သေတဲ့အထိတော့မဖြစ်ဖူးဘူး။ ဒီတခေါက်တော့ မိသားစုလေးဦးလည်းထိသွားတယ်။ အငယ်ဆုံးသမီးကတော့ ဆုံးသွားတယ်။ ရွာထဲကကျွဲ ၂ ကောင်လည်းထိသွားတယ်”လို့ ရေဦးဒေသခံတဦးက ပြောပါတယ်။
 
သေဆုံးသူနာမည်နဲ့ နောက်ဆက်တွဲအခြေအနေတွေကိုတော့ အသေးစိတ်မသိရှိရသေးပါဘူး။
ပြီးခဲ့တဲ့နှစ် မေလ ပိုင်းလောက်ကလည်း မူးသာကုန်းကျေးရွာက နေအိမ် ၄ လုံးကို စစ်ကောင်စီတပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီးသွားခဲ့သေးတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10