စစ်တပ်က လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တာတွေ မမေ့ကြဖို့ ဘန်နာစာတမ်းချိတ်ဆွဲပြီး ဆန္ဒပြ

စစ်တပ်က လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တာတွေ မမေ့ကြဖို့ ဘန်နာစာတမ်းချိတ်ဆွဲပြီး ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းတနေရာမှာ ကနီ နွေဦးတော်လှန်ရေးသပိတ်အင်အားစုက ဦးဆောင်ပြီး စစ်တပ်က လူအစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တာတွေ မမေ့ကြဖို့ ဘန်နာစာတမ်းချိတ်ဆွဲပြီး ဆန္ဒပြခဲ့ကြပါတယ်။

ဇူလိုင်လ ၂၇ ရက် ဒီနေ့ညနေ ၅ နာရီလောက်မှာ ကနီနွေဦးတော်လှန်ရေး သပိတ်အင်အားစုက ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ကနီနယ်က ဒေသခံ (၄၄) ကျဆုံးသွားတာကို ပြည်သူများကိုမမေ့ကြဖို့နဲ့ သွေးမအေးဖို့ကို ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ ကနဲ-ကနီ-ညောင်ကန်-သခွတ္တနယ်လမ်း ရှစ်ခိုးထပ်မှာ ပြည်သူလေဦး၊ ဇူလိုင်လ ၉ ရက်မှာ ယင်းရွာသား ၁၆ ဦး၊ ဇူလိုင် ၂၆ ရက်မှာ  တောင်ပေါက်အရှေ့ရွာ ကြက်ချောင်းတောတိုက်က ပြည်သူ ၁၂ ဦး၊ ဇူလိုင်လ ၂၇ ရက်မှာ ဇီးပင်တွင်းရွာက ပြည်သူ ၁၂ ဦးတို့ကို စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်သွားခဲ့တယ်လို့ ဆန္ဒထုတ်ဖော်သူတွေဆီက သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်း #မုံရွာ #ကနီ #နွေဦးတော်လှန်ရေးသပိတ် #လူထုလှုပ်ရှားမှု #စစ်ကောင်စီ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10