စစ်တပ်ကသတ်ခဲ့တဲ့ ကျဆုံးရဲဘော်နဲ့ ပြည်သူ ၁၀ဦး ၂နှစ်ပြည့်အထိမ်းအမှတ် (ရုပ်/သံ)

စစ်ကိုင်းတိုင်၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြိုနယ်က ကျဆုံးရဲဘော်နဲ့ပြည်သူတွေရဲ့ ဂူဗိမာန်မှာ ဒီဇင်ဘာ ၇ ရက်က လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့တယ်လို ယင်းမာပင် -ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီဆီက သိရပါတယ်။

ဆားလင်းကြီးနယ်၊ ဒုံးတောရွာကို စစ်ကောင်စီတပ်ဖွဲဝင်တွေ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်မှာ စစ်ကြောင်းဝင်လာပြီး ကာကွယ်ရေးရဲဘော်နဲ့ပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့ ၂ နှစ်ပြည့်နေ့မှာ လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့တာလို ဆိုပါတယ်။

"ကျဆုံးရဲဘော်တွေရဲ့ ဂူဗိမာန်မှာ ပန်းခွေချတာ ပန်းတွေနဲ့ဂုဏ်ပြုခဲ့တယ်။အလေးနီပြုဦးညွှတ်ရင်း ဝေမျှနှင်းဆီတွေကိုလည်း အုတ်ဂူပေါ်မှာ ချပေးခဲ့ပါတယ်" လို့ သပိတ်ဦးဆောင်ကော်မတီဝင် ကိုသက်ဦးက ပြောပါတယ်။

စစ်ကောင်စီက ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင် ရဲဘော် ၅ ဦးနဲ့ ဒေသခံပြည်သူ ၅ ဦးကို သတ်ဖြတ်ခဲ့တာလို့ သိရပါတယ်။

အဲ့ဒီလို ကျဆုံးရဲဘော်တွေကို အလေးပြုရာမှာယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ကော်မတီဝင်များ ဒေသခံပြည်သူများနဲ့ ကျဆုံးသူတွေရဲ့ မိသားစုဝင်တွေက ချီတက်အလေးပြုခဲ့တာလို့ ဆိုပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#သတင်း #မြေလတ်သတင်း #ရုပ်သံ #စစ်တပ် #သတ်ဖြတ် #ကျဆုံးရဲဘော် #ပြည်သူ #လွမ်းသူ့ပန်းခွေ #အလေးနီပြု #၂နှစ်ပြည့်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10