စစ်တပ်က တပ်လာစွဲတဲ့နေရာ တိုက်ခိုက်ခံရလို့ စခန်းကိုမီးရှို့ထွက်ပြေး (ရုပ်/သံ)

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က ဆင်စခန်းဟောင်းကိုတပ်လာစွဲတဲ့စစ်အုပ်စုကို တိုက်ထုတ်နိုင်ခဲ့တယ်လို့ ရိုးမညီနောင်မဟာမိတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ကြို့ပင်ကောက်မြို့နယ်၊ ပုဇွန်ဆိတ်ဆင်စခန်းဘုန်းကြီးကျောင်းမှာ တပ်စွဲတဲ့  စစ်အုပ်စုအင်အား ၄၀ ဝန်းကျင်ကို နိုဝင်ဘာ ၂ ရက်က တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုဟာ နိုဝင်ဘာ ၁ ရက်က တပ်လာစွဲတာလို့ ဆိုပါတယ်။

အဲဒီဆင်စခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်တွေက မနက်ပိုင်းနဲ့ ညနေပိုင်းမှာ ၈၀ မမ အပြင် လက်နက်ငယ်တွေနဲ့ပါ တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်ကလည်း လက်နက်ကြီးငယ်နဲ့ပြန်လည်ပစ်ခတ်တယ်လို့ ဆိုပါတယ်။

တပ်ပြန်ဆုတ်သွားတဲ့ စစ်အုပ်စုဟာ ဆင်စခန်းဟောင်းကိုလည်း မီးရှို့သွားတယ်လို့ တိုက်ခိုက်ရာမှာပါဝင်တဲ့ တပ်ရင်း ၃၈၀၁၊ တပ်ခွဲ  ၅၊ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့က တပ်ခွဲမှူး ဗိုလ်မိုးကြိုးက ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ရိုးမညီနောင်မဟာမိတ်တွေဖြစ်တဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ ၁ YOMA  GBK၊ တပ်ခွဲ ၃ BTZ GBK PDF၊ တပ်ခွဲ ၅ ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့နဲ့ တပ်ရင်း ၃၈၀၂ Dragon Brother  People Defence Force တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြေလတ်သတင်း #ရုပ်သံသတင်း #ပဲခူးတိုင်းအနောက်ခြမ်း #သာယာဝတီ #ကြို့ပင်ကောက် #ဆင်စခန်း #စစ်ကောင်စီ #ပကဖ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10