စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသားတဦး ထိခိုက်

စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသားတဦး ထိခိုက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ရွာက ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းက ၆၀ မမနဲ့ ပစ်ခတ်တဲ့အတွက် အမျိုးသားတဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။ 

စက်တင်ဘာ ၁၇ ရက် မနက် ၁၀ နာရီလောက်မှာ ပစ်ခတ်ခဲ့ချိန် အနီးကျေးရွာရှိ သရက်ကျေးရွာက အသက် ၅၀ အရွယ် ဦးဝင်းကို ထိမှန်ခဲ့တာလို့ ဆိုပါတယ်။ 

“သူတို့ သွားမယ့်နေရာကိုမရောက်မချင်း လက်နက်ကြီးတွေနဲ့ ထုနေတာ။ သူတို့နားကို ကာကွယ်ရေး တပ်တွေ လာမှာစိုးလို့ ပစ်ဖောက်နေတာ။ ဦးဝင်းကတော့ လက်နက်ကြီးစတွေ တကိုယ်လုံးနီးပါး ထိ သွားတယ်။” လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံတဦးက ပြောပါတယ်။

ကျည်ထိမှန်လို့ ဦးဝင်းရဲ့ ခေါင်း၊ ဗိုက်၊ လက်နဲ့ ခြေထောက်တွေမှာ ဒဏ်ရာရခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေမရှိဘူးလို့ ဆိုပါတယ်။ 

လက်ရှိမှာတော့ အဲဒီစစ်ကြောင်းဟာ ဇီးဖြူကုန်းရွာထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့ သိရပါတယ်။  

ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်ကလည်း ပုလဲမြို့နယ်ထဲက ညောင်ကုန်းကျေးရွာထဲကို စစ်ကောင်စီက ဂျက်ဖိုက်တာ တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သံဃာ ၁ ပါး နဲ့  ပြည်သူ ၉ ဦး သေဆုံးခဲ့သလို ၁၂ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ 

#စစ်ကိုင်း #ပုလဲ #စစ်ကောင်စီ #လက်နက်ကြီး #ပစ်ခတ် #ပြည်သူ #ထိမှန် #ဒဏ်ရာရ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10