စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲလို့ သေဆုံးပျက်စီးမှုတွေရှိခဲ့တဲ့ရွာကို ငွေကြေးထောက်ပံ့

စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲလို့ သေဆုံးပျက်စီးမှုတွေရှိခဲ့တဲ့ရွာကို ငွေကြေးထောက်ပံ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ရှိ စစ်တပ်က လေယာဥ်နဲ့ဗုံးကြဲခဲ့တဲ့ ညောင်ကုန်းရွာက ဒေသခံတွေကို ငွေကြေးထောက်ပံ့ပေးခဲ့တယ်လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီက သိရပါတယ်။

 

လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ၊ ဒဏ်ရာရသူနဲ့ မီးလောင်ဆုံးရှုံးခဲ့ရတဲ့ နေအိမ်တွေအတွက် ကျန်ရှိတဲ့မိသားစုဝင်တွေကို ဇူလိုင် ၅ ရက် နေ့လယ်ပိုင်းက ထောက်ပံ့ပေးခဲ့တာလို့ သိရပါတယ်။

 

"ဗုံးကြဲခံရလို့ ဘေးဒုက္ခကြုံရတဲ့ ပြည်သူတွေကို ကူညီပေးတာပါ။ NUG အစိုးရကလည်း အားချင်းထောက်ပံ့ပေးတယ်။ သပိတ်အဖွဲ့နဲ့ တခြားလူမှုကူညီရေးအဖွဲ့တွေ ပူးပေါင်းထောက်ပံ့ခဲ့ကြတယ်"လို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ လူသားချင်းစာနာထောက်ထားရေး တာဝန်ခံက ပြောပါတယ်။ 

 

 

မီးလောင်ဆုံးရှုံးခဲ့ရတဲ့ နေအိမ်တအိမ်ကို ၅၀,၀၀၀ ကျပ်၊ သေဆုံးသူတဦးကို ၁၀၀,၀၀၀ ကျပ်၊ ဒဏ်ရာရသူတဦးကို ၅၀,၀၀၀ ကျပ်နှုန်းနဲ့ စုစုပေါင်းငွေသိန်း ၃၀ ကျပ် ကူညီပေးခဲ့တယ်လို့သူက ဆက်ပြောပါတယ်။

 

ဒီထောက်ပံ့မှုကို NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေး နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးရဲ့ လူသားချင်းစာနာထောက်ထားရေးအဖွဲ့၊ ပုလဲလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ၊ WCA အဖွဲ့၊ CDM Medical Network ၊Western Chindown Association အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြတာပါ။ 

 

 

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့လယ်ပိုင်းမှာ ပုလဲမြို့နယ်၊ ညောင်ကုန်းကျေးရွာကို စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးတပါး အပါအဝင် ဒေသခံ ၁၀ ဦးသေဆုံးကာ ၂၇ ဦးဒဏ်ရာ ရရှိခဲ့ပြီး၊ ဘုန်းကြီးကျောင်းတကျောင်းနဲ့ နေအိမ် ၁၃ လုံး မီးလောင်ပျက်စီးခဲ့ရတာလည်း ဖြစ်ပါတယ်။ 

 

စာတည်း - လင်း 

 

#မြေလတ်အသံ

#စစ်ကိုင်း #ပုလဲ #ညောင်ကုန်း #ထောက်ပံ့ #ငွေကြေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10