စစ်တပ်က ၃ ကြိမ်တိုင် မီးရှို့ခဲ့တဲ့ ကျေးရွာကို ရိက္ခာထောက်ပံ့

စစ်တပ်က ၃ ကြိမ်တိုင် မီးရှို့ခဲ့တဲ့ ကျေးရွာကို ရိက္ခာထောက်ပံ့

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်ရှိ မီးဘေးသင့်ကျေးရွာတရွာက ဒေသခံတွေကို စက်တင်ဘာလ ၁၆ ရက်မှာ စားနပ်ရိက္ခာတချို့ ထောက်ပံ့ခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ဆီက သိရပါတယ်။

တအိမ်ကို ဆန် ၄ ပြည်၊ ဆီ ၁ ပိဿာ၊ ကုလားပဲ ၅ ဗူးနဲ့ အိမ်ခြေ ၅၇၅ အိမ်ကို ထောက်ပံ့ခဲ့တာလို့ စစ်ရှောင်ထောက်ပံ့ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။

ထောက်ပံ့ခဲ့တဲ့ ရွာအမည်ကိုတော့ လုံခြုံရေးအရ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပါဘူး။ 

အဲ့ဒီရွာကို စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ မှာတကြိမ်၊ ဒီဇင်ဘာလမှာတကြိမ်နဲ့  ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှာ တကြိမ် စုစုပေါင်း ၃ ကြိမ်မီးရှို့ခဲ့တာလို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဒီပဲယင်း #မီးဘေးသင့် #ထောက်ပံ့ #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10