စစ်တပ်ဂိတ်ကို KNLA ပူးပေါင်းအဖွဲ့တွေဝင်တိုက်လို့ ၅ ဦးသေဆုံးပြီး သေနတ် ၆ လက်ရ

စစ်တပ်ဂိတ်ကို KNLA ပူးပေါင်းအဖွဲ့တွေဝင်တိုက်လို့ ၅ ဦးသေဆုံးပြီး သေနတ် ၆ လက်ရ

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ရှမ်းကိုင်းကျေးရွာရှိ ရေတံခါးစစ်ကောင်စီစစ်ဆေးရေးဂိတ်ကိုအောက်တိုဘာ ၂၂ ရက် ဒီမနက်ပိုင်းမှာ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်ကထိခိုက်သေဆုံးမှုတွေရှိပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကသိရပါတယ်။ 

ဝေါမြို့နယ်အတွင်းက စစ်ကောင်စီတပ်သားတွေနဲ့ ရှမ်းကိုင်းရွာ၊ ညောင်ခါးရှည်ရွာတို့က ပျူစောထီး တွေအပါအဝင် အင်အား ၁၅ ဦးလောက်ရှိတဲ့ အဲ့ဒီစစ်ဆေးရေးဂိတ်ကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

"၄ နာရီကျော်လောက်မှာဝင်သွားတယ်။ သူတို့အိပ်ယာထိ ရောက်ခဲ့တယ်။ အဲ့မှာပစ်သတ်ခဲ့တယ်၊ အရာရှိကတော့ လွတ်သွားတယ်၊ ပစ်ခတ်ချိန် ၁၅ မိနစ်ပဲကြာတယ်၊ သူတို့ ကတုတ်ကျင်းထဲကို ရောက်နေတော့ (အဲ့ဒီထဲကနေ) သူတို့ထွက်ပြေးကုန်တာ" လို့ ဝေါမြို့နယ်ပြည်သူကာကွယ်ရေး တပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် စစ်သား ၃ ဦးနဲ့ ပျူစောထီး ၂ ဦးသေဆုံးပြီး ပစ္စတို ၁ လက်၊ G-3 ၄ လက်၊ အူဇီ ၁ လက်နဲ့ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

တိုက်ခိုက်မှုပြီးနောက် ကာကွယ်ရေးတပ်ဖွဲ့တွေပြန်ဆုတ်ခွာသွားချိန်မှာ စစ်ကောင်စီဘက်က အင်အားထပ်တိုးပြီး အဲ့ဒီဂိတ်ကို ပြန်လာပြီး လက်ရှိခရီးသွားကားတွေကို စစ်ဆေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ဝေါ #ရှမ်းကိုင်း #စစ်တပ်ဂိတ် #တိုက်ခိုက်ခံရ #သေဆုံး #လက်နက်ဆုံးရှုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10