စစ်တပ်စစ်ကြောင်းဝင်လို့ ၂ ရက်ကြာပိတ်မိနေတဲ့ ပုလဲ-ဂန့်ဂေါကားလမ်းပိုင်းက ခရီးသွားတွေကို ပုလဲပအဖ ကူညီ

စစ်တပ်စစ်ကြောင်းဝင်လို့ ၂ ရက်ကြာပိတ်မိနေတဲ့ ပုလဲ-ဂန့်ဂေါကားလမ်းပိုင်းက ခရီးသွားတွေကို ပုလဲပအဖ ကူညီ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါကားလမ်းမမှာ ၂ ရက်ကြာ ပိတ်မိနေတဲ့ ခရီးသွားပြည်သူတွေကို ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ ပုလဲမြို့နယ်၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးအဖွဲ့ ထံက သိရပါတယ်။

ပုလဲ-ဂန့်ဂေါ ကားလမ်းမဘေးမှာရှိတဲ့ မင်းတိုင်ပင်ရွာကို  စက်တင်ဘာ ၁၆ ရက်ကစလို့ စစ်ကောင်စီတပ် စစ်ကြောင်းဝင်လာတဲ့အတွက် အဲ့ဒီလမ်းပိုင်းကိုခေတ္တပိတ်လိုက်ရပြီး မင်းတိုင်ပင်ရွာအနီးမှာ ပိတ်မိနေတဲ့ ခရီးသည်တင်ကားတချို့အပါ ကားအစီးရေ ၅၀ ကျော်၊ ပြည်သူ ၁၅၀ ခန့်ကို ကူညီထောက်ပံ့ပေးခဲ့တာလို့ ပြောပါတယ်။

" ပြည်သူတွေရဲ့လုံခြုံရေးအတွက် ကားလမ်းကို ခေတ္တပိတ်လိုက်ရတာပါ။ ကားဆရာနဲ့ ခရီးသွားတွေကို နေဖို့၊ စားဖို့၊ ရေချိုးဖို့ကအစ ကူညီလုပ်ဆောင်ပေးခဲ့ပါတယ်" လို့ ပုလဲမြို့နယ်၊ လူသားစာနာတာဝန်ခံက မြေလတ်အသံကိုပြောပါတယ်။

၂ ရက်ကျော်အကြာ ပိတ်မိနေတဲ့ခရီးသည်တွေ နေထိုင်စားသောက်နိုင်ရေး အခြေခံစားသောက်ကုန်တွေ ဝယ်ယူဖို့ ပုလဲပအဖနဲ့ လူသားစာနာအဖွဲ့က ကျပ်ငွေ ၂ သိန်း ထောက်ပံ့ပေးခဲ့ကာ လက်ရှိမှာ စစ်ကြောင်းဝေးသွားတဲ့အတွက် လမ်းပိုင်းပြန်လည်ဖွင့်လှစ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာ စက်တင်ဘာလ ၁၆ ရက်နေ့မှာ ပုလဲမြို့နယ်၊ စပါးစေ့ကျေးရွာကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်တွေထဲက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူသွားခဲ့တယ်လို့ သိရပါတယ်။

                       

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပုလဲ #ယင်းမာပင် #ဂန့်ဂေါ #လမ်းပိုင်း #စစ်တပ်စစ်ကြောင်း #ပိတ်ဆို့မှု #ပုလဲပအဖ #ကူညီဆောင်ရွက် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10