စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိလို့ နွားကျောင်းနေတဲ့အမျိုးသားတဦး သေဆုံး

စစ်တပ်ပစ်တဲ့ လက်နက်ကြီးထိလို့ နွားကျောင်းနေတဲ့အမျိုးသားတဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဧပြီ ၂၀ ရက် ဒီမနက် ၈ နာရီခွဲဝန်းကျင်က စစ်ကောင်စီပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး အမျိုးသားတဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

မုံရွာမြို့အရှေ့ဘက်ကမ်း စက်လှေဆိပ်အနီးကနေ ဆားလင်းကြီးမြို့နယ်ဘက်ကို လက်နက်ကြီး ၂ လုံးနဲ့ ပစ်ခတ်ရာ ဆားလင်းကြီးမြို့နယ်၊ ကူးတို့ကုန်းရွာနဲ့ ပလောင်ရွာကြားမှာ နွားကျောင်းနေတဲ့အမျိုးသားတဦးကို ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။ 

“မြစ်အနောက်ဘက်ကမ်းရွာ (ပလောင်ရွာ)က နွားကျောင်းနေတဲ့ မောင်နှမနှစ်ယောက်ထိတာဗျ၊ အကိုဖြစ်သူက ပွဲချင်းပြီး ဦးစက်ပွင့်သေတာ၊ ညီမက ဒဏ်ရာရတယ်။”လို့ မုံရွာဒေသခံတဦးက ပြောပါတယ်။

လက်နက်ကြီးကျည်ထိမှန်ပြီး နွားကျောင်းနေတဲ့ ပလောင်ရွာသား အသက် ၅၂ နှစ်အရွယ် ဦးမိုးဦးမှာ ဦးခေါင်းနဲ့လည်ပင်းကြား ကျည်ထိမှန်ပြီး သေဆုံးခဲ့တာပါ။ 

ဒီဖြစ်စဉ်နဲ့ပက်သက်ပြီး ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်စစ်ကြောင်းအဖွဲ့ဝင်တဦးကလည်း “ဘာပွဲမှမရှိဘဲ သက်သက်မဲ့ပစ်တာ၊ မုံရွာစက်လှေဆိပ်အနီးနား Ocean Center နားကနေပစ်တာ၊ ၂ လုံးပစ်တာ ၂ လုံးစလုံးထိတယ်၊ (စစ်ကောင်စီ)က လက်နက်ကြီးပစ်ချင်ရင် အဲ့နားကို ရောက်ရောက်လာတာ၊ အထိုင်တော့မချဘူး။”လို့ ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီ ၁၆ရက်ကလည်း မုံရွာအရှေ့ဘက်ကမ်းကပစ်တဲ့ လက်နက်ကြီးထိမှန်ပြီး ဆားလင်းကြီးမြို့နယ်၊ ကူးတို့ကုန်းကျေးရွာက ရေလုပ်သားတဦးဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် ကိုဆန်လင်းကို သေဆုံးခဲ့ပါသေးတယ်။

စာတည်း - လင်း 

#မြေလတ်အသံ

#စစ်ကိုင်း #ဆားလင်းကြီး #စစ်ကောင်စီ #လက်နက်ကြီးပစ် #အမျိုးသားသေဆုံး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10