စစ်တပ်မီးရှို့ခဲ့တဲ့ကျေးရွာက ဒေသခံတွေကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က လှူဒါန်း

စစ်တပ်မီးရှို့ခဲ့တဲ့ကျေးရွာက ဒေသခံတွေကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က လှူဒါန်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ စစ်တပ်ကမီးရှို့ခဲ့တဲ့ ကျေးရွာတရွာက ဒေသခံတွေကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က မီးဖိုချောင်သုံးပစ္စည်းအပြင် ဆန်နဲ့ဆီတွေကိုပါ လှူဒါန်းခဲ့တယ်လို့ အဖွဲ့ဝင်အမျိုးသမီး တဦးဆီက သိရပါတယ်။

အိမ်ခြေ ၃၈၆ အိမ်က အိမ်ထောင်စုတွေကို မတ်လ ၁၂ ရက်မနေ့က တအိမ်ထောင်လျှင် ဒန်အိုး ၁ လုံး၊ ဇလုံး ၁ လုံး၊ ဇွန်းကြီး ၁ ချောင်း၊ သောက်ရေခွက် ၁ ခု၊ ဆန် ၁ ပြည်၊ ဆီ ၅၀ ကျပ်သားနဲ့ ငါးသေတ္တာ ၁ ဘူးဆီ လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။





အခုလှူဒါန်းမှုမှာ ဆန်တင်း ၁၀၀ ကမ်ပိန်းက ရရှိတဲ့ ငွေရဲ့ ၃၀ %ကို ထုတ်ယူသုံးစွဲထားပြီး ပြည်တွင်းပြည်ပအလှူရှင်တွေနဲ့ CDM တဦးက လှူဒါန်းတဲ့ ဆီလည်းပါဝင်ကာ ကုန်ကျငွေ ၆၃ သိန်းကျပ်ကျေ ာ်ဖြစ်တယ်လို့ သိရပါတယ်။

အညာပစ်တိုင်းထောင်လေးများအဖွဲ့ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ၂၈ ရက်က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး၊ လက်ရှိအချိန်အထိ မီးဘေးသင့်အိမ်ထောင်စု ၉၃၉ စုကို လှူဒါန်းနိုင်ခဲ့ပြီဖြစ်သလို ခုလိုလှူဒါန်းတာဟာ ၇ ကြိမ်မြောက်ရှိပြီလို့လည်း အထက်ပါအမျိုးသမီးက ဆိုပါတယ်။

စာတည်း - လင်း
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10