စစ်တပ်လက်နက်စက်ရုံတွေအဓိကအသုံးပြုနေတဲ့ ပုသိမ်-မုံရွာလမ်းပိုင်းမှာ အထက်မင်းလှပကဖ ၃ ရက်ဆက် စစ်ဆေးမှုပြုလုပ် (ရုပ်/သံ)

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်အတွင်း၊ ပုသိမ်-မုံရွာလမ်းပိုင်းမှာ မေ ၁၈ ကနေ ၂၀ ရက်အထိ ခရီးသွားပြည်သူတွေကိုတွေ့ဆုံပြီး မိတ်ဆက်စကားပြောတာ၊ ပညာပေးဟောပြောတာတွေနဲ့ စစ်တပ်ထုတ်ကုန်တွေကို စစ်ဆေးတာတွေလုပ်ဆောင်ခဲ့တယ်လို့ အထက်မင်းလှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကောင်စီထုတ်ကုန်ပစ္စည်းတွေ သယ်ဆောင်မှု ရှိ၊ မရှိကို စစ်ဆေးခဲ့ပြီး စစ်တပ်ထုတ်ကုန်ပစ္စည်းတွေ ရောင်းဝယ်တာ၊ သုံးစွဲတာတွေနဲ့ သယ်ဆောင်တာတွေ မပြုလုပ်ကြဖို့ကိုလည်း ပညာပေးပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

မေ ၁၂ ရက်နဲ့ ၁၄ ရက်တွေမှာ မင်းတုန်းမြို့နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် အထက်မင်းလှပကဖက နယ်မြေရှင်းလင်းရေးနဲ့ ပုသိမ်-မုံရွာကားလမ်းပိုင်းပေါ် စစ်ဆေးရေးလုပ်ငန်းတွေလုပ်ဆောင်ခဲ့ပြီး စစ်ဆေးတဲ့နေရာဟာ စစ်ကောင်စီတပ်စခန်းနဲ့ ၁ မိုင်ခန့်သာကွာဝေးတယ်လို့ ဆိုပါတယ်။

အထက်မင်းလှ၊ ဆင်ပေါင်ဝဲမြို့နယ်အတွင်း စစ်ကောင်စီလက်နက်စက်ရုံတပ်တွေဖြစ်တဲ့ ကပစ ၂၊ ကပစ ၁၀၊ ကပစ ၁၃ နဲ့ ကပစ ၈ တပ်တွေတည်ရှိပြီး အဲ့ဒီတပ်တွေဟာ လက်နက်၊ ခဲယမ်းပို့ဆောင်တာ၊ လူအင်အားဖြည့်တင်းတာတွေမှာ ပုသိမ်-မုံရွာလမ်းပိုင်းကို အဓိကအသုံးပြုနေရတာလို့ ကပစတပ်အသိုင်းအဝိုင်းထံက သိရပါတယ်။

ဒါ့အပြင် အဆိုပါကပစတပ်တွေနဲ့ ငဖဲ၊ စေတုတ္တရာ၊ ဆိပ်ဖြူ ၊ ပေါက် စတဲ့မြို့နယ်တွေမှာရှိတဲ့ ကပစ တပ်တွေဟာ ၄င်းတို့ကပစတပ်အချင်းချင်း ဆက်သွယ်ဆောင်ရွက်တဲ့ကိစ္စတွေမှာ  ပုသိမ်-မုံရွာလမ်းပိုင်းကို အဓိကအသုံးပြုသွားလာနေတာလည်း ဖြစ်ပါတယ်။

တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #အထက်မင်းလှ #ပကဖ #ပုသိမ်မုံရွာလမ်းပိုင်း #စစ်ဆေးမှု 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10