စစ်တပ်သတင်းပေး ပျူစောထီး ၁ ဦး ရှင်းလင်းခံရ၊ ဖောကားကို မီးရှို့ဖျက်ဆီး (ရုပ်/သံ)

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ချောင်းဂေါင်းအုပ်စု၊ မီးချောင်းတင်ကျေးရွာက စစ်ကောင်စီသတင်းပေး ပျူစောထီး သန်းဇော် ဆိုသူကို မေ ၂၂ ရက်က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ ၅ အဖွဲ့ဆီက သိရပါတယ်။

အဲဒီ သန်းဇော် ဆိုသူက ထန်းပင်ကုန်းရွာနဲ့ အရှေ့အုန်းတော ကျွန်းစိုက်ခင်းအနီးမှာ ဖောကားနဲ့ ညနေ ၄ နာရီခန့်မှာ ရောက်ရှိလာချိန် ဗျူဟာစစ်ကြောင်းက ပစ်ခတ်ရှင်းလင်းပြီးနောက် သူမောင်းနှင်လာတဲ့ ဖောကားကို မီးရှို့လိုက်ပြီး ဖုန်း ၁ လုံးနဲ့ မှတ်ပုံတင် ၁ ခု သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

"သူ့ကိုရှင်းဖို့လုပ်နေတာ ၆ လလောက်ရှိပြီ။ သူ့ကြောင့်ဖမ်းခံရသူ အသတ်ခံရသူတွေရှိတယ်။ ကျွန်းပင်အနုတွေကို စစ်တပ်နဲ့ပေါင်းပြီးခုတ်နေတာပါ"လို့ PDF ရဲဘော်တဦးက ပြောပါတယ်။

အခုလို ရှင်းလင်းလိုက်တဲ့ ပျူစောထီး သန်းဇော်ဟာ ပြည်သူများအား စစ်တပ်ထံ မမှန်သတင်းပေးဖမ်းဆီးခိုင်းတာ၊ တော်လှန်ရေးတပ်ဖွဲ့များရဲ့ သတင်းများအား စကစထံ ထောက်လှမ်းပေးပို့တာ၊ စစ်သားများ ရိုးမပေါ် သွားလာရာမှာ ကားဖြင့် အကြိုအပို့လုပ်ပေးနေတာနဲ့ ရိုးမအတွင်းက သစ်ခိုးထုတ်နေတဲ့အတွက် ရှင်းလင်းခဲ့ရတာလို့ ဆိုပါတယ်။

ဒါ့အပြင် မေ ၂၀ ရက်ကလည်း တော်လှန်ရေးအဖွဲ့ကို ထောက်ပို့လုပ်တယ်ဟုဆိုကာအသက် ၂၆ နှစ်အရွယ် အမျိုးသားတဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး စစ်တပ်ဆီကို သတင်းပေး ဖမ်းဆီးရာမှာ သန်းဇော်ပါဝင်ခဲ့တယ်လို့သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#ပဲခူး #သာယာဝတီ #စစ်ကောင်စီ #သတင်းပေး #ပျူစောထီး #ရှင်းလင်းခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10