စစ်တောင်းမြစ်ဝှမ်း ရေတာရှည်စစ်ဆင်ရေးအဖြစ် တောင်ပိုင်းတိုင်းနဲ့ နေပြည်တော် PDF ပူးပေါင်းကာ စစ်ကောင်စီကိုတိုက်ခိုက် (ရုပ်/သံ)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ထဲမှာ အင်အား ၅၀ ကျော်နဲ့ အထိုင်ချတပ်စွဲနေတဲ့ စစ်ကောင်စီတပ်စခန်းကို တောင်ပိုင်းတိုင်းနဲ့ နေပြည်တော် PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။

ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာအတွင်းမှာ ရေတာရှည်နဲ့ ဆွာမြို့က စစ်ကောင်စီတပ်သားတွေ အင်အား ၅၀ ကျော်နဲ့ တပ်စွဲထားတဲ့စခန်းကို စက်တင်ဘာ ၂၃ ရက်က တိုက်ခိုက်ခဲ့တာလို့ နေပြည်တော် PDF  ၉၀၁ တပ်ရင်း တာဝန်ခံတဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို နေပြည်တော် PDF နဲ့ တောင်ပိုင်းတိုင်း PDF တို့ ပူးပေါင်းကာ စစ်တောင်းမြစ်ဝှမ်း ရေတာရှည်စစ်ဆင်ရေးတိုက်ပွဲအဖြစ် ဒရုန်းနဲ့ ၇ ကြိမ် ဗုံးကြဲပြီး ၆၀ မမ ၄ လုံးနဲ့ ပစ်ခတ်သလို မြေပြင်ကနေပါ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စက်တင်ဘာ ၂၃ ရက် မနက် ၆ နာရီကနေ ၁၀ နာရီအထိ တိုက်ပွဲဖြစ်ခဲ့ကြပြီး စစ်ကောင်စီဘက်က ၅ ဦးသေဆုံးခဲ့တယ်လို့ မျက်မြင်သတင်းရော တပ်တွင်းသတင်းတွေကတဆင့်ပါ သိရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ရေတာရှည်မြို့နယ်၊ ရွာသစ်ကျေးရွာအတွင်းကို အင်းအားဖြည့်တင်းနေတယ်လို့လည်း သိရပါတယ်။

စာတည်း - ဈာန်မြင့်၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#စစ်တောင်းမြစ်ဝှမ်း #ရေတာရှည်စစ်ဆင်ရေး #တောင်ပိုင်းတိုင်း #တိုက်ပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10