သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းအရှေ့ခြမ်း၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အပိုင် စစ်တောင်းမြစ်ထဲမှာ ရေနစ်သေဆုံးခဲ့တဲ့ အမျိုးသား ၁ ဦးရဲ့အလောင်းကို ဧပြီလ ၂၃ ရက် ဒီမနက်ပိုင်းမှာပြန်တွေ့ခဲ့တယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ S.T.T RESCUE - တောင်ငူ ဆီက သိရပါတယ်။
တောင်ငူမြို့၊ မင်းကြီးညိုရပ်ကွက်က အသက် ၁၈နှစ် အရွယ် မောင်ကောင်းဆက်ဟာ ဒေသအခေါ် ‘အလယ်ကျွန်း’ မြစ်ဆိပ်နေရာမှာ ဧပြီလ ၂၁ ရက် ညနေ ၆ နာရီလောက်က ရေနစ်ပျောက်ဆုံးခဲ့ပြီး ဒီမနက် ၇ နာရီလောက်မှာ အလောင်းကိုပြန်တွေ့ခဲ့တာလို့ ဆိုပါတယ်။
"ဒီနေ့မနက်ပိုင်း အလောင်းကိုပြန်တွေ့တယ်။ သူရေနစ်တဲ့အနားကပဲပြန်တွေ့တယ်။ ဘယ်လိုကြောင့် ရေနစ်တယ်ဆိုတာတော့ မသိရသေးပါဘူး" လို့ S.T.T RESCUE အဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။
စတင်ရေနစ်ပျောက်ဆုံးတဲ့အချိန်ကတည်းက ရှာဖွေမှုတွေလုပ်ခဲ့ပေမယ့် မတွေ့ရှိဘဲ ဒီမနက်ပိုင်းမှ အလယ်ကျွန်းတဝိုက်မှာတွေ့ခဲ့ကာ အလောင်းကိုတော့ တောင်ငူပြည်သူ့ဆေးရုံကြီးရင်ခွဲရုံကို ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကလည်း ပဲခူးအရှေ့ခြမ်း၊ ထန်းတပင်မြို့နယ်အပိုင် စစ်တောင်းမြစ်ထဲမှာ အမျိုးသား ၂ ဦး ရေနစ်သေဆုံးခဲ့ပါသေးတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #တောင်ငူ #စစ်တောင်းမြစ် #ရေနစ်သေဆုံး #ကူညီကယ်ဆယ် #ပရဟိတအဖွဲ့
Share Share Share