သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ကယားပြည်နယ်(ကရင်နီ) မှာ စစ်ဘေးရှောင်ရင်းခက်ခဲစွာပညာသင်ကြားနေရတဲ့ ကလေးငယ်များအတွက်ကျောင်းဆောင်များ၊ စာအုပ်များ၊ စာရေးကိရိယာများ နဲ့ ကျန်းမာရေးအတွက်ဆေးဝါများလိုအပ်နေတယ်လို့သိရပါတယ်။
အဲဒီကျောင်းမှာ KG ကနေ တက္ကသိုလ်ဝင်တန်းအထိရှိပြီး ကျောင်းသားဦးရေမှာ ၃ သောင်းကျော်ရှိကာဆရာ၊ ဆရာမဦးရေမှာတော့ ၂ ထောင်ကျော်ရှိတယ်လို့ ကယားပြည်နယ်လုံးဆိုင်ရာအခြေခံပညာဆရာများသမဂ္ဂအဖွဲ့ဝင်တဦးက မြေလတ်အသံကိုပြောပါတယ်။
“ကလေးတွေကစာအုပ်တအုပ်ကို လူသုံးယောက်ကြည့်ရတယ်။ အဲဒါတောင်မလောက်ဘူးမိုးကာတဲလေးတွေနဲ့စာသင်ရတယ် မိုးမလုံလေမလုံ နေပူတဲ့အခါလည်းအရမ်းပူလွန်းတယ်။ ဘယ်လိုမှမခံနိုင်ဘူး မိုးရွာတော့မိုးတွေယိုတယ် နေစရာနေရာတောင်မရှိဘူး ဒါပေမဲ့ကျွန်မတို့တွေရအောင်သင်တယ် ကျွန်မတို့တွေလစာမရဘူး ကျွန်မတို့ရည်ရွယ်ချက် တိုင်းရင်းသားစစ်ရှောင်ကလေးတွေကို လည်းသူများတွေနည်းတူပညာသင်စေချင်တယ် ” လို့ သူကပြောပါတယ်။
လက်ရှိမှာ ကယားပြည်နယ်လုံးဆိုင်ရာ ဒေသခံစစ်ဘေးရှောင်ကလေးများ ပညာသင်ကြားရေးအတွက်အောက်တိုဘာ ၁ ရက်နေ့ကစပြီး “ရင်သွေးငယ်တို့ပညာရေးမိဘပြည်သူဝိုင်းကူပေး" စတဲ့ကမ်ပိန်းကိုလုပ်ဆောင်ခဲ့သည်မှာလဝက်ခန့်ရှိပြီးဖြစ်သော်လည်း ယနေ့ချိန်ထိက ၂၀ ရာခိုင်နှုန်းသာရသေးတယ်လို့ ဆိုပါတယ်။
ယခုလိုတိုင်းရင်းသားစစ်ဘေးရှောင်ကလေးတွေကို ပညာသင်ကြားပေးဖို့အတွက် ကယားပြည်နယ် (ကရင်နီ) လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂများက ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀၂၁ ခုနှစ်မှာစတင်ဆွေးနွေးခဲ့ပြီး နိုဝင်ဘာလကစတင် အကောင်အထည်ဖော်ခဲ့တယ်လို့လည်း သူကဆိုပါတယ်။
#မြေလတ်အသံ
Share Share Share