စစ်ဘေးရှောင်တွေအတွက် ရေတွင်းတူးရာမှာ ကူဖို့သွားတဲ့ S&C အဖွဲ့ဝင်တဦးကို စစ်ကောင်စီက ဖမ်းဆီးထား

စစ်ဘေးရှောင်တွေအတွက် ရေတွင်းတူးရာမှာ ကူဖို့သွားတဲ့ S&C အဖွဲ့ဝင်တဦးကို စစ်ကောင်စီက ဖမ်းဆီးထား

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်နဲ့ ရွှေဘိုမြို့နယ်အတွင်းက စစ်ရှောင်နဲ့မီးဘေးသင့် ပြည်သူတွေကို အကူအညီပေးနေတဲ့ S&C အဖွဲ့ဝင်တဦးကို စစ်ကောင်စီဘက်က ဖမ်းဆီးထားတယ်လို့ S&C အဖွဲ့ဆီက သိရပါတယ်။

ဇွန်လ ၂၁ ရက် နေ့လယ်ပိုင်းက ယင်းမာပင်မြို့နယ်ဘက်ကို ရေတွင်းတူးရာမှာ ကူညီပေးဖို့သွားတဲ့ S&C ပရဟိတအဖွဲ့ဝင်တဦး စစ်ကောင်စီတပ်ဖွဲ့ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတာလို့ S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံက မြေလတ်အသံကို ပြောပါတယ်။

"အဖွဲ့သားတွေအဖမ်းခံရတာ ဒါကပထမဦးဆုံးအကြိမ်ပါ။ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ယင်းမာပင်ဘက်မှာ အဖမ်းခံရတာပါ။ လမ်းစစ်ဆေးရေးဂိတ်မှာ ဖမ်းမိတာ။ ဆိုင်ကယ်၊ ဖုန်းနဲ့ ငွေအနည်းငယ် ပါသွားပါတယ်" လို့ S&C တာဝန်ခံက ပြောပါတယ်။

S&C အဖွဲ့အနေနဲ့ ဖမ်းဆီးခံထားရသူနဲ့ အဆက်အသွယ် မရသေးသေးသလို မည်သည့်နေရာမှာ ဖမ်းထားတယ်ဆိုတာလဲ မသိရသေးဘူးလို့ တာဝန်ခံက ဆက်ပြောပါတယ်။

S&C မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မီးရှို့ဖျက်ဆီးခဲ့လို့ ဒုက္ခရောက်နေကြတဲ့ ယင်းမာပင်၊ ဆားလင်းကြီး၊ ပုလဲ၊ ရွှေဘိုမြို့နယ်အတွင်းက မီးဘေးသင့်နဲ့ စစ်ရှောင်ပြည်သူတွေကို ကူညီပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ 

အဲဒီလို ကူညီရာမှာ ပြည်တွင်း၊ ပြည်ပ အလှူရှင်တွေရဲ့လှူဒါန်းငွေတွေက တဆင့် နေအိမ်၊ ယက္ကန်းစင်၊ ရေဘုံဘိုင်တွင်း၊ စားနပ်ရိက္ခာ၊ ပညာရေးကဏ္ဍတွေမှာ လိုအပ်နေတာတွေကို လုပ်ဆောင်ပေးနေတာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

 

ပုံစာ - ဇွန်လ ၁၇ ရက်နေ့က ယင်းမာပင်ခရိုင်အတွင်း စစ်ရှောင်ပြည်သူတွေအတွက် S&C အဖွဲ့ ရေတွင်းတူးနေပုံ။

 

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင် #S&C #စစ်ဘေးရှောင် #မီးဘေးသင့် #ကူညီထောက်ပံ့မှု #အဖွဲ့ဝင် #စစ်ကောင်စီ #ဖမ်းဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10