စစ်ဘေးရှောင် ၈၀  ကျော်ကို ကနီမြို့သပိတ်အင်အားစုတွေက အခမဲ့ ဆေးဝါးကုသမှုပေး

စစ်ဘေးရှောင် ၈၀  ကျော်ကို ကနီမြို့သပိတ်အင်အားစုတွေက အခမဲ့ ဆေးဝါးကုသမှုပေး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နယ်မှ ကနီမြို့နယ်ဘက်ကို စစ်ဘေးတိမ်းရှောင်နေတဲ့ ပြည်သူ ၈၂ ဦးကို ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု၊  CDM ဆရာဝန်တွေနဲ့ ဒေသခံပြည်သူတွေ စုပေါင်းပြီး အခမဲ့ ဆေးဝါးကုသမှုပေးခဲ့တယ်လို့ ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု ဆီက သိရပါတယ်။  

အဆိုပါ စစ်ဘေးရှောင်တွေကို ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုအဖွဲ့က သြဂုတ်လ ၃၀ ရက် မနေ့ကနေ့လယ် ၁၂ နာရီကနေ ည ၇ နာရီအထိ အခမဲ့ သွားရောက်ကုသပေးခဲ့ပါတယ်။ 
သွားရောက်ကုသပေးစဉ်မှာလည်း ကုန်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်နေတဲ့အတွက် ဆေးဝါးပစ္စည်း လိုအပ်တာတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

“ရောဂါကတော့ အစုံပဲဗျာ၊ ပြေးလွှားနေကြတော့ ငွေကမရှိ ဆေးကစျေးကြီး၊ ကုသပေးသူမရှိလို့ လိုအပ်ချက်အရ အခမဲ့ ကုသပေးတာပါ။ ယင်းမာပင်နယ်ကနေ လချီပြေးနေတဲ့ စစ်ဘေးရှောင်တွေဆီကို သွားရောက်ကုသပေးတာပါလို့ ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစု အဖွဲ့ဝင်တဦးက ပြောပါတယ်။


တခြားသော စစ်ဘေးရှောင်တွေကိုပါ အလျဉ်းသင့်သလို ဆေးဝါးကုသမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

သြဂုတ် ၂၉ ရက်ကလည်း ယင်းမာပင်မြို့နယ်နဲ့ ကနီမြို့နယ်ကို စစ်ဘေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်ပြည်သူ ၉၀၀ ကျော်ကို IDPs Support Group မှ မွေးနေ့ရှင်တဦးက အသားဟင်းတွေ လှူဒါန်းခဲ့ပါသေးတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ယင်းမာပင် #ကနီမြို့နယ် #စစ်ဘေးရှောင် #သတင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10