သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
၂၀၂၁ နှစ်ကုန်ပိုင်းလောက်မှာ စစ်ကိုင်းတိုင်း အနောက်ဘက်ပိုင်း ကလေးမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်လာပြီး ထိခိုက်ဒဏ်ရာရလာတဲ့ ဒေသခံတွေကို ဆေးကုသမှုပေးဖို့ CDM ကျန်းမာရေးဝန်ထမ်းတွေက ကျန်းမာရေးကွန်ရက် People’s Healthcare Network - Kalay ကို ၂၀၂၂ နှစ်စပိုင်းမှာ ထူထောင်ခဲ့ပါတယ်။
ကျန်းမာရေးလုပ်သား ၁၀ ယောက်လောက်နဲ့ People’s Healthcare Network - Kalay ကို စတင်ခဲ့ရာ အခုဆို အယောက် ၆၀ လောက်ဟာ စေတနာ့ဝန်ထမ်းတွေအဖြစ် တာဝန်ထမ်းဆောင်နေကြပြီလို့ စေတနာ့ဝန်ထမ်း မဇာ က ပြောပါတယ်။
ကလေးမြို့နယ်တောင်ပိုင်းမှာ People’s Healthcare Network - Kalay ရဲ့ ၁၂ ကုတင်ဆံ့ ဆေးရုံ ၁ ခု၊ မြောက်ပိုင်းမှာ ဆေးရုံ ၁ ခုနဲ့ ကျန်းမာရေးစင်တာ ၆ ခု ရှိပြီး အာဏာသိမ်းစစ်တပ်နဲ့ တိုက်ပွဲဝင်နေတဲ့ ရှေ့တန်းက တော်လှန်ရေးသမားတွေကို ဆေးကုသမှုပေးဖို့လည်း ဆေးတပ်သားတွေရှိနေတယ်လို့ နောက်ထပ် စေတနာ့ဝန်ထမ်းတဦးဖြစ်တဲ့ မရွှေဇင်မိုး က ပြောပါတယ်။
နယ်ပယ်တဖြေးဖြေးကျယ်ပြန်လာတဲ့ People’s Healthcare Network - Kalay ဟာ စတင်တည်ထောင်တဲ့ ၂၀၂၂ ဇန်နဝါရီကနေ ဒီနေ့အထိ ၂ နှစ်ကျော် ကာလအတွင်း လူနာဦးရေ ၇ သောင်းဝန်းကျင်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပြီး ၂၄ နာရီ အရေးပေါ်ကုသမှုလည်း ပေးတယ်လို့ သူတို့က ပြောပါတယ်။
ကလေး အယောက် ၃၅၀ ဝန်းကျင်ကိုလည်း People’s Healthcare Network - Kalay က မွေးဖွားပေးနိုင်ခဲ့ပြီး ရိုးရိုးမွေးဖွားပေးတဲ့ ကိုယ်ဝန်ဆောင်မိခင်က ၂၅၀ ဝန်းကျင်နဲ့ ခွဲစိတ်မွေးဖွားပေးနိုင်တာ ၁၀၀ ဝန်းကျင်ရှိပြီလို့ သူတို့ကဆိုပါတယ်။
လက်နက်ကိုင်ခုခံတွန်းလှန်မှု အားကောင်းတဲ့ စစ်ကိုင်းတိုင်းအတွင်းကို အာဏာသိမ်းစစ်တပ်က ဆေးဝါးနဲ့ ဆေးခန်းသုံးပစ္စည်းတွေ သယ်ယူတာကို ကန့်သတ်တားမြစ်နေတာကြောင့် People’s Healthcare Network - Kalay အတွက် အခက်တွေ့နေပါတယ်။
၂၀၂၃ နိုဝင်ဘာ ၉ ရက်မှာ ကလေးမြို့နယ်တောင်ပိုင်း မြောက်စည်းရွာတိုက်ပွဲအတွင်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးလက်ဆေးခန်းတခုလုံး ပျက်စီးသွားခဲ့ပါတယ်။
ဒီလိုတိုက်ခိုက်မှုတွေဟာ ရပ်ရွာအခြေခံအဆောက်အအုံတွေကို အခြေပြုပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ People’s Healthcare Network - Kalay အတွက် စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ်နေပါတယ်။
#မြေလတ်အသံ
#စစ်ကိုင်း #People'sHealthcareNetwork #Kalay #ကျန်းမာရေး #CDM #ရုပ်သံဆောင်းပါး
Share Share Share