စစ်မှုထမ်းရမယ်လို့ ခြိမ်းခြောက်တဲ့ အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ

စစ်မှုထမ်းရမယ်လို့ ခြိမ်းခြောက်တဲ့ အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်က စစ်မှုထမ်းရမယ်လို့ ပြည်သူတွေကို ခြိမ်းခြောက်တဲ့ အုပ်ချုပ်ရေးမှူးတဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့  BTZM GBK PDF - တပ်ခွဲ - ပဲခူးရိုးမက သတင်းထုတ်ပြန်ထားပါတယ်။

ကြို့ပင်ကောက်မြို့နယ် ရုံးချောင်းအုပ်စု အုပ်ချုပ်ရေးမှူး အသက် ၅၂ နှစ်အရွယ် ကိုသောင်းကြည်ကို မတ်လ ၂၄ ရက် ည ၈ နာရီကျော်လောက်မှာ သေနတ်နဲ့ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။ 

“ရှောင်တခင် သူ့(သောင်းစိန်အိမ်)အိမ် ဝင်ဖမ်းပြီး  သူ့သား နို့တူးအိမ်ကို ကျနော်တို့ နောက်တဖွဲ့ ဝင်ဖမ်းချိန်မှာ လွတ်သွားလို့ သောင်းကြည်ကို ရွာထိပ်မှာပဲ သေနတ်နဲ့ပစ်ပြီးရှင်းခဲ့တာ ပွဲချင်းပြီးသေတယ်။“ လို့ BTZM GBK PDF ရဲ့ တပ်ခွဲမှူး ရဲဘော်တေဇမင်းက ပြောပါတယ်။

ကိုသောင်းကြည်တို့ သားအဖကြောင့် ရွာသားလူငယ်တွေ တိမ်းရှောင်နေရတာတွေရှိပြီး PDF တွေနဲ့ ဆက်သွယ်တယ်ဆိုကာ စစ်ကောင်စိကို ဖမ်းဆီးခိုင်းတာတွေ၊ ငွေညှစ်တာတွေရှိတဲ့ အပြင် စစ်မှုထမ်းရမယ်ဆိုကာ ပြည်သူကို ခြိမ်းခြောက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ပစ်ခတ်မှုအပြီးမှာတော့ စစ်အုပ်စုဘက်က ရုံးချောင်းအုပ်စုကို ရောက်ရှိလာခြင်းမရှိပေမယ့် မတ်လ ၂၆ ရက် ဒီမနက် ၇ နာရီလောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၁ ရက် မွန်းတည့် ၁၂ နာရီလောက်ကလည်း ပဲခူးတိုင်း အနောက်ခြမ်း သဲကုန်းမြို့နယ်မှာ ပြည်သူ့စစ်တပ်သားသစ် စုဆောင်းနေတဲ့ ဇီးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ကိုမြင့်ဆွေနဲ့ စာရေး ကိုဖြိုးတို့ကို ပေါင်းတည်နဲ့ သဲကုန်း PDF တို့က သာပေါင်းရွာအနီးမှာ သေနတ်နဲ့ ပစ်ခဲ့လို့  အုပ်ချုပ်ရေးမှူးသေကာ စာရေး ပြင်းထန်ဒဏ်ရာ ရခဲ့ပါသေးတယ်။ 

ပုံစာ- သေဆုံးသူ ကိုသောင်းစိန်အလောင်း။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #သာယာဝတီ #ကြို့ပင်ကောက် #စစ်မှုထမ်း #ခြိမ်းခြောက် #အုပ်ချုပ်ရေးမှူး #BTZM #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10