စစ်မှုထမ်းဟောင်း၊ ပျူခေါင်းဆောင် သိန်းမြင့်ကို ပစ်ခတ်ရှင်းလင်း

စစ်မှုထမ်းဟောင်း၊ ပျူခေါင်းဆောင် သိန်းမြင့်ကို ပစ်ခတ်ရှင်းလင်း

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်မှာ စစ်မှုထမ်းဟောင်း၊ ပျူစောထီးခေါင်းဆောင်ဆိုသူကို ဒီဇင်ဘာ ၂၄ ရက်က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်ခရိုင်တပ်ရင်း ၃၆၀၂ တပ်ခွဲ ၃ SPDF တပ်ဖွဲ့ဆီက သိရပါတယ်။

ညောင်ကိုင်းအုပ်စု၊ အုတ်ဖိုရွာမှာ နေထိုင်တဲ့ စစ်မှုထမ်းဟောင်းလည်းဖြစ်သလို ပျူစောထီးခေါင်းဆောင်လည်းဖြစ်တဲ့ သိန်းမြင့်ဆိုသူကို မွန်လွဲ ၂ နာရီခန့်မှာ နေအိမ်အတွင်းဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။

" ပျူခေါင်းဆောင်ကို ရှင်းတဲ့အချိန် သူ့သားဝင်လာတယ်။ ၉ မမကျည်နဲ့ ၁၂ ချက်ပစ်ခဲ့တယ်။ ပျူခေါင်းဆောင်က ပွဲချင်းပြီးသေသွားတယ်" လို့ တပ်ဖွဲ့သတင်းတာဝန်ခံက ပြောပါတယ်။

ပျူစောထီးခေါင်းဆောင်သိန်းမြင့်မှာ ကျေးရွာအုပ်စုအတွင်း ပျူစောထီးဖွဲ့ဖို့ လူငယ်တွေကိုစည်းရုံးတာ၊ စစ်သားသစ်စုဆောင်းပေးတာ၊ စစ်တပ်ထဲမှာ စစ်မတိုက်ချင်လို့ ထွက်ပြေးလာတဲ့ စစ်သား ၉ ယောက်ကို ထမင်းကျွေးပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်နဲ့ တွေ့ဆုံပေးမယ်ဆိုကာ စစ်ကောင်စီထံပြန်လည်အပ်ခဲ့သူဖြစ်လို့ ရှင်းလင်းခဲ့တာလို့ သူကဆက်ပြောပါတယ်။

နေအိမ်အတွင်း ပစ်ခတ်နေချိန် ဦးသိန်းမြင့်သားဖြစ်သူ ပျူစောထီးအဖွဲ့ဝင် အသက် ၃၀ ခန့်ရှိ စစ်ပြေး ပြည်စုံဆိုသူက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို လုံးထွေးသတ်ပုတ်ကာ ပြန်လည်ခုခံတဲ့အတွက် ထပ်မံပစ်ခတ်ရာ ပြင်းထန်ဒဏ်ရာရပြီး စစ်ဆေးရုံ တင်ထားရတယ်လို့ ဆိုပါတယ်။

ပျူစောထီးခေါင်းဆောင် သိန်းမြင့်ရဲ့သား ပျူစောထီးအဖွဲ့ဝင် ပြည်စုံ သေဆုံးခြင်းရှိ/မရှိကိုတော့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၁၈ ရက်ကလည်း စစ်ကောင်စီသတင်းပေး ကိုလှဝေဆိုသူကို သေနတ်နဲ့ ၄ ချက်ပစ်ခတ်ခဲ့ရာ နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပြည်ခရိုင် #ပေါက်ခေါင်း #စစ်မှုထမ်းဟောင်း #ပျူစောထီးခေါင်းဆောင် #ပစ်ခတ်ရှင်းလင်း #PDF တပ်ဖွဲ့ #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10