စစ်ရေးအန္တရာယ်ကြားမှာ အာဇာနည်တွေကို ဦးညွှတ်ဂုဏ်ပြု

ရွှေဘိုခရိုင်တပ်ရင်း ၁၅  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပြည်သူအနည်းငယ်ဟာ လွတ်လပ်ရေးတိုက်ပွဲဝင်ရင်းကျဆုံးသွားတဲ့ အာဇာနည် ၉ ဦးနဲ့အတူ နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားခဲ့သူတွေကို စစ်ရေးအန္တရာယ်ကြားကပဲ ဒီနေ့ အခမ်းအနားလုပ် ဦးညွှတ်ဂုဏ်ပြုခဲ့ကြပါတယ်။ 

မနေ့က ဇူလိုင် ၁၈ ရက်မှာတင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်နဲ့ ဝက်လက်နယ်ကြားမှာ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး လေကြောင်းတိုက်ခိုက်မှုရှိခဲ့တာကြောင့် ဒီနေ့အာဇာနည်နေ့အခမ်းအနားကို အကျဉ်းချုပ်သာ ကျင်းပခဲ့ရတယ်လို့ တပ်ရင်းမှူး ဗိုလ်ကောက်ရိုးက ဆိုပါတယ်။ 

ဒါ့အပြင် လက်ရှိနွေဦးတော်လှန်ရေးမှာ အသက်ပေး တိုက်ပွဲဝင်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုလည်း ပြည်သူတွေမမေ့လျော့ဘဲ ကူညီထောက်ပံ့ပိုးဖို့ကိုလည်း သူက တောင်းဆိုပါတယ်။ 

တည်းဖြတ် - ဟယ်ရီ

#မြေလတ်အသံ

#ရွှေဘို #အာဇာနည်နေ့ #အခမ်းအနား #စစ်ရေးအန္တရာယ်ကြား #ဦးညွှတ်ဂုဏ်ပြု

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10