စစ်ရေးအရှိန်မြှင့်တင်ဖို့အတွက် ဂန့်ဂေါ PDF တပ်ရင်း ၂ ရင်း ပထမဆုံးအကြိမ်ပူးတွဲစစ်ရေးလေ့ကျင့် (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ အမှတ် ၁ စစ်ဒေသ၊ ဂန့်ဂေါခရိုင်အမှတ် ၈ တပ်ရင်းနဲ့ အမှတ် ၉  တပ်ရင်းတို့က မတ်လတတိယပတ်အတွင်း တွေ့ဆုံခဲ့ကြပြီး ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်နေကြတယ်လို့ ဂန့်ဂေါခရိုင် အမှတ် ၈ တပ်ရင်းဆီက သိရပါတယ်။

ရဲဘော်တွေက သင်တန်းတွေ အားလုံးနီးပါးတက်ထားပြီးသားဖြစ်သလို စစ်ရေးလေ့ကျင်မှု ၁၀ ရက်ပြုလုပ်တာဖြစ်ပြီး စစ်ရေးအရှိန်မြှင့်တင်ဖို့အတွက် ရည်ရွယ်ပြီး ပထမဆုံးအကြိမ် ပူးတွဲလေ့ကျင့်ရတာလို့ ဆိုပါတယ်။ 

စစ်ရေးအရှိန်မြှင့်တင်ဖို့ အတွက်နဲ့ ရဲဘော်တွေကို စိတ်ဓာတ်ခွန်အားပေးချင်တာကြောင့် ပုံမှန်အတိုင်းပဲလေ့ကျင့်ကြတာဖြစ်ပြီး ထူးထူးခြားခြားထွင်ပြီး လုပ်ထားတာတွေတော့ မပါ၀င်ဘူးလို့ ခရိုင်တပ်ရင်း ၈၊ တပ်ရေးဗိုလ် ဗိုလ်ရန်ကင်း ကပြောပါတယ်။

ဂန့်ဂေါခရိုင် တပ်ရင်း ၈ နဲ့ တပ်ရင်း ၉ တို့မှာ တော်လှန်ရေးစတင်ချိန်က ကျောက်ထု PDF တပ်ဖွဲ့အနေနဲ့ အတူတိုက်ပွဲဝင်နေခဲ့ကြသလို NUG အစိုးရ၊ MOD ဌာန လက်အောက်ခံတပ်ရင်းတွေအဖြစ် တင်ကြတဲ့အခါမှာ အင်းအားများတဲ့အတွက် တပ်ရင်းနှစ်ရင်းခွဲလိုက်ရတာပါလို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာ ယခင်ကတည်းက ယခုအချိန်အထိ တပ်ဖွဲ့နှစ်ဖွဲ့က ပူးပေါင်းလုပ်ဆောင်နေသလို ပူးတွဲတိုက်ခိုက်ခဲ့ကြတဲ့ တိုက်ပွဲတွေလည်း အကြိမ်ပေါင်း မရေတွက်နိုင်အောင် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ

#မကွေး #ဂန့်ဂေါ #NUG #MOD #PDFတပ်ရင်း #စစ်ရေးပူးတွဲလေ့ကျင့်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10