သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စု စစ်ရှောင်စခန်းမှာမွေးတဲ့ ကလေးငယ်ကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဇွန်လ ၂၁ ရက် ဒီနေ့မှာ သွားရောက်လှူဒါန်းခဲ့တယ်လို့ အဖွဲ့ တာဝန်ခံတွေဆီက သိရပါတယ်။
ကလေးကို ဆားလင်းကြီးစစ်ရှောင်စခန်းမှာ ဇွန်လ ၁၆ ရက် မနက် ၁ နာရီလောက်က ဒေသခံစစ်ရှောင် တွေကပဲ မွေးဖွားပေးခဲ့တာဖြစ်ပြီး ကလေးနဲ့မိခင်အတွက် အလှူငွေ တသိန်းကျပ်နဲ့ အသုံးအဆောင်ပစ္စည်းတချို့ကို လှူဒါန်းခဲ့တယ်လို့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆိုပါတယ်။
"ကလေးအတွက် ၅သောင်း နဲ့ အမေအတွက် ၅သာင်းလှူပေးခဲ့တယ်။ ကလေးကယောက်ျားလေးပါ။ ဒီ စစ်ရှောင်စခန်းမှာမွေးတာ ကလေး ၃ယောက်ရှိပါပြီ။ ၃ ယောက်စလုံးကလည်း ယောက်ျားလေးတွေပါပဲ" လို့ အဖွဲ့ဝင်တဦးက မြေလတ်အသံကိုပြောပါတယ်။
အညာပစ်တိုင်းထောင်လေးများအနေနဲ့ ညောင်ပင်ကြီးအုပ်စုစစ်ဘေးရှောင်စခန်းက ကလေးငယ်ကို ထပ်မံလှူဒါန်းဖို့ စီစဉ်ထားပြီး အဲဒီစစ်ရှောင်စခန်းက ဒေသခံတွေရဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကိုလည်း ကာကွယ်ရေးအဖွဲ့အစည်းတွေက ဆေးဝါးကုသမှုတွေလုပ်ဆောင်ပေးတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်က စစ်ကောင်စီလက်အောက်ညောင်ပင်ကြီးရွာနယ်မြေရဲစခန်း တိုက်ခိုက်သိမ်းပိုက်ခံရပြီးတဲ့နောက် စစ်ကောင်စီတပ်တွေက ညောင်ပင်ကြီးရွာအပါအဝင် ကျေးရွာအုပ်စုအတွင်းကရွာတွေကို စစ်ကြောင်းထိုးတာ၊ လူနေအိမ်တွေကိုမီးရှို့တာတွေကို ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ဒေသခံတွေအနေနဲ့ အခုလိုထွက်ပြေးနေရတာပါ။
ဇွန်လ ၁၇ ရက်ကလည်း အညာပစ်တိုင်းထောင်လေးများအဖွဲ့ဟာ ဆားလင်းကြီးမြို့နယ်ထဲက စစ်ရှောင်ပြည်သူ အိမ်ထောင်စု ၇၀ အတွက် တစ်အိမ်ထောင်လျှင် ဆန် ၂ ပြည်၊ ဆီ ၅၀ သား၊ ငါးသေတ္တာ ၁ ဘူးနှုန်း လှူဒါန်းခဲ့ပါသေးတယ်။
စာတည်း - ရင်ငြိမ်း
#မြေလတ်အသံ
#စစ်ကိုင်း #ဆားလင်းကြီး #စစ်ဘေးရှောင် #လှူဒါန်းမှု #အညာပစ်တိုင်းထောင် #ကလေးငယ်
Share Share Share