သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြိုနယ်က စစ်ရှောင်ကလေးငယ်တွေ စာပေသင်ကြားနိုင်ဖို့အတွက် လိုအပ်နေတဲ့ စာသင်ဆောင်၊ ရေတုံကင်တွင်းနဲ့ စာရေးကိရိယာပစ္စည်းတွေကို ထောက်ပံ့လှူဒါန်းပေးခဲ့တယ်လို့ Yu & Tulip Foundation အဖွဲ့ဆီက သိရပါတယ်။
နေရပ်စွန့်ခွာပြီး စစ်ရှောင်နေရတဲ့ ကလေးငယ်တွေ စာသင်ဖို့နေရာထိုင်ခင်း မလုံလောက်တာ၊ သောက်ရေရဖို့ ခက်ခဲနေတာနဲ့ စာသင်ကြားရာမှာလည်း စာရေးကိရိယာတွေ မပြည်စုံတဲ့အတွက် မေလလယ်ပိုင်းက ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။
စာသင်ကြားနေတဲ့ စစ်ရှောင်ကလေးတွေအတွက် မေ ၆ ရက်က စာသင်ကျောင်းဆောင် ၁ ဆောင်ကို ငွေကျပ် ၁၂ သိန်းကျော်ကုန်ကျပြီး Yu & Tulip Foundation အဖွဲ့က ဆောက်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီ စစ်ရှောင်စာသင်ကျောင်းမှာ အနည်းဆုံး ကျောင်းသားဦးရေ ၅၀ မှ ၁၀၀ ကျော်အထိရှိသလို မူလတန်းအဆင့်ကနေ အထက်တန်းအထိရှိပြီး CDM ပညာရေးဝန်ထမ်းနဲ့ စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမတွေက စာသင်ကြားပေးနေတယ်လို့ သိရပါတယ်။
ထို့အတူ မေ ၁၀ ရက်ကလည်း စစ်ရှောင်စာသင် ကျောင်းတကျောင်းမှာ ကလေးငယ်တွေအတွက် လိုအပ်နေတဲ့ စာရေးကိရိယာ ပစ္စည်းမျိုးစုံကို ငွေကျပ် ၈ သိန်းခွဲဘိုး ဝယ်ယူထောက်ပံ့ပေးပြီး ထမင်းတနပ် ကျွေးမွေးခဲ့သေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သောက်ရေခက်ခဲနေတဲ့ စစ်ရှောင်ကျောင်းတကျောင်းမှာ လက်နှိပ်တုံကင်ရေတွင်း ၁ တွင်း တူးဖော်ဖို့အတွက် ငွေကျပ် ၂ သိန်းကျော်ပံ့ပိုးခဲ့ပြီး မေ ၁၅ ရက်မှာ တူးဖော်ပြီးစီးကာသောက်သုံးရေ ရရှိနေပြီလို့ သိရပါတယ်။
ပေါက်နယ်က လက်ရှိဆောက်လုပ်ဆဲ စစ်ရှောင်စာသင်ကျောင်းဆောင် တဆောင်အတွက် အမိုးမိုးပေးဖို့ လိုအပ်နေတာရှိပြီး ကလေးတွေအတွက်လည်း စာရေးကိရိယာတွေလိုအပ်နေတယ်လို့ Yu & Tulip Foundation အဖွဲ့ဆီက သိရပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
#မကွေး #ပခုက္ကူ #ပေါက် #စစ်ရှောင်ကလေးငယ်များ #စာသင်ဆောင် #ရေတုံကင်တွင်း # စာရေးကိရိယာ #ထောက်ပံ့ #Yu&TulipFoundation
Share Share Share