စစ်ရှောင်တွေကို ဆက်ပြီး ထောက်ပံ့သွားမှာဖြစ်လို့ S&C အဖွဲ့က အလှူရှင်တွေ ဖိတ်ခေါ်

စစ်ရှောင်တွေကို ဆက်ပြီး ထောက်ပံ့သွားမှာဖြစ်လို့ S&C အဖွဲ့က အလှူရှင်တွေ ဖိတ်ခေါ်

မီးရှို့ခံရလို့ တိမ်းရှောင်နေရတဲ့ ပြည်သူတွေကို ဆေးဝါးနဲ့ အခြားအသုံးအဆောင်တွေ ဆက်လက်မျှဝေဖို့ ရှိနေတာကြောင့် အလှူရှင်တွေကို ဖိတ်ခေါ်ပါတယ်လို့ S&C မီးဘေး၊ စစ်ဘေး၊ ပညာရေးစောင့်ရှောက်မှုအဖွဲ့က ပြောပါတယ်။

ဆားလင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာက စစ်ဘေးသင့်အိမ်ထောင်စု ၂၄၄ စုအတွက် မြေပြင်ကွင်းဆင်းကာ ဝေမျှဖို့အဆင်သင့်ဖြစ်နေပြီလို့လည်း ဆိုပါတယ်။

"မြေပြင်အခြေအနေ အေးဆေးသွားတာနဲ့ ချက်ခြင်းသွားရောက်ဖို့ စီစဥ်နေပါတယ်။ ကျနော်တို့က ဝေမျှခဲ့သမျှ စစ်ဘေးသင့်သူတွေရဲ့ လက်ဝယ်အရောက် ဝေမျှပေးတာပါ။ ဘယ်အဖွဲ့အစည်း လက်ထဲကိုမှ မထည့်ပါဘူး။ အခုလည်း ဆေးဝါးပစ္စည်းအပြင် အခြားအသုံးအဆောင် ၇ မျိုးလောက်လည်း ပါပါတယ်" လို့ S&C တာဝန်ခံ ကိုစိုးမိုးအောင်က ပြောပါတယ်။

ပြည်တွင်းပြည်ပ အလှူရှင်တွေ လှူဒါန်းမှုကြောင့် အခုလို မီးဘေးသင့်ပြည်သူတွေရဲ့ လက်ဝယ်အရောက် လှူဒါန်းနိုင်တာဖြစ်ပြီး ဆက်လက်လှူဒါန်းပေးကြဖို့နဲ့ အခြားကျေးရွာတွေကိုလည်း ဆက်လက်ဝေမျှပေးဖို့ စီစဥ်ထားတယ်လို့ သူကဆက်ပြောပါတယ်။

လှူဒါန်းလိုသူတွေအနေနဲ့လည်း S&C မီးဘေး၊ စစ်ဘေး၊ ပညာရေးစောင့်ရှောက်မှုအဖွဲ့ရဲ့ လူမှုစာမျက်နှာမှာ ဆက်သွယ်ပြီး လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။ 

သူတို့အဖွဲ့ဟာ ဒီပဲယင်း၊ ရေဦးနဲ့ ဆာလင်းကြီးမြို့နယ်အတွင်းက ကျေးရွာ ၇ ရွာကိုလည်း ပြီးခဲ့တဲ့ လပိုင်းတွေက ဆေးဝါးနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေကို လှူဒါန်းခဲ့သေးတယ်လို့ သိရပါတယ်။

ဆေးဝါးနဲ့ အသုံးအဆောင်ပစ္စည်းတွေ လှူဒါန်းတာအပြင် စစ်ရှောင်တွေကို အဟာရ ထမင်းချက်ပြုတ် ကျွေးမွေးတာ၊ ပြည်တွင်းပြည်ပ အလှူရှင်တွေနဲ့ ချိတ်ဆက်ကာ အိမ်အလှူတော်အနေနဲ့ စစ်တပ်မီးရှို့သွားတဲ့ ကျေးရွာက ဒေသခံတွေကို နေအိမ်တွေ ဆောက်လုပ်လှူဒါန်းတာတွေကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10