စစ်ရှောင်တွေကို လူငယ်အဖွဲ့တွေက အစာအာဟာရ ကျွေးမွေးစောင့်ရှောက်

စစ်ရှောင်တွေကို လူငယ်အဖွဲ့တွေက အစာအာဟာရ ကျွေးမွေးစောင့်ရှောက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းက စစ်ဘေးရှောင်ကြသူတွေကို မတ်လ ၁၅ ရက်နေ့ကစတင်ကာ အစာအာဟာရ ချက်ပြုတ်​ကျွေးမွေးနေတယ်လို့ Justice Revolution Force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

မြောင်မြို့နယ်အတွင်းရှိ ရွာပုလဲ၊ ပေါက်ချောင်း၊ ညောင်ကားယားနဲ့ မြစ်ဆုံကျေးရွာတွေက စစ်ဘေးရှောင် ၅၀၀ လောက်ကို အစာအာဟာရ ချက်ပြုတ်ကျွေးမွေးနေတာလို့ ဆိုပါတယ်။

"မြောင်မြို့နယ်အတွင်းကို တပ်မ ၉၉ လက်အောက်ခံ Blue Commando ခေါင်းဖြတ်တဲ့စစ်ကြောင်းက လွန်ခဲ့တဲ့ ၅ ရက်လောက်ကတည်း စစ်ကြောင်း ၃ ကြောင်းခွဲပြီး ထိုးစစ်ဆင်လာလို့ ရောက်ရှိလာတဲ့ စစ်ရှောင်တွေဖြစ်ပါတယ်။ သူတို့ရောက်လာတာတော့ ၃ ရက်လောက်တော့ ရှိပါပြီ" လို့ Justice Revolution Force တာဝန်ခံက ပြောပါတယ်။

အညာစစ်ရှောင်ပြည်သူတွေကို ကျွေးမွေးမှုအတွက် CDSOM ရဲ့ တောင်ပိုင်းတိုင်းလက်အောက်ခံ Justice Revolution Force(Myaung)က မတည်ပြီး မြောင်လူငယ်ကွန်ရက် Youths for Community-YFC နဲ့ NUG အဖွဲ့ရဲ့အထောက်အပံ့တွေလည်း ပါဝင်တယ်လို့ သူက ဆက်ပြောပါတယ်။


စစ်ရှောင်ကျေးရွာတွေထဲက ရွာပုလဲရွာဟာ ကုန်းဘောင်ခေတ်ကထင်ရှားတဲ့ ယောမင်းကြီးဦးဘိုးလိူင်ရဲ့ဇာတိရွာဖြစ်တယ်လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ - CDSOM ရဲ့ ပြန်ကြားရေးတာဝန်ခံ အမျိုးသမီးတဦးက ပြောပါတယ်။

အလှူရှင်တွေအနေနဲ့ CDSOM Page Messenger နဲ့ Justice Revolution Foce Page Messenger ကနေ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့လည်း ဆိုပါတယ်။


လက်ရှိမှာလည်း မြောင်မြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းတွေထိုးနေတာကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10