စစ်ရှောင်တွေရဲ့ ကားနဲ့ဆိုင်ကယ်တွေကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွား

စစ်ရှောင်တွေရဲ့ ကားနဲ့ဆိုင်ကယ်တွေကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးသွား

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲက စစ်ရှောင်တွေရဲ့ ကား၊ ဆိုင်ကယ်နဲ့ အသုံးအဆောင်ပစ္စည်း အဝတ်အစားတွေကို  စစ်ကောင်စီတပ်ဖွဲ့က ဇွန်လ ၂၂ ရက် ဒီနေ့ မနက် ၇ နာရီလောက်မှာ မီးရှို့ဖျက်ဆီးသွားတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ တွေဆီက သိရပါတယ်။

အင်အား ၇၀ နီးပါးရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဝက်လက်မြို့နယ်၊ ကန်ဖီလာရွာနဲ့ မန်ကျည်းဖြူရွာကြားမှာရှိတဲ့ သိမ်မြင်ကုန်းဘုန်းကြီးကျောင်းက စစ်ရှောင်တွေရဲ့ ပစ္စည်းတွေဖြစ်တဲ့ ကား ၁ စီး ၊ သုံးဘီးဆိုင်ကယ် ၁ စီး၊ ဆိုင်ကယ် ၃ စီးနဲ့ အိုးခွက်တွေကို စစ်အုပ်စုက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

“သူတို့တွေက မင်္ဂလာရေစဉ်ရွာကနေ ရုတ်တရက် လက်နက်တွေဖောက်ပြီး ဖြတ်ဝင်လာတာ။ သူတို့ဝင်လာတော့ စစ်ရှောင်တွေ အကုန်ထွက်ပြေးကြရတယ်။ ဖမ်းဆီးခံရတာတွေတော့ မရှိဘူး၊ အခုနောက်ပိုင်း စစ်**တွေက စစ်ရှောင်တွေပါ ပစ်မှတ်ထားလာကြတယ်။” လို့ Local PDF တပ်ဖွဲ့က အမေ့သား(စစ်ကိုင်း) ခေါင်းဆောင် ကိုဘိုလေးက မြေလတ်အသံကို ပြောပါတယ်။

အဲဒီဘုန်းကြီးကျောင်းမှာ ရွာသာကြီး၊ သဲကုန်း၊ ဘုရားပျံ စတဲ့ကျေးရွာက ဒေသခံ ၃၀၀ ကျော်က လာရောက် တိမ်းရှောင်နေကြတာပါ။

စစ်ကောင်စီတပ်ဖွဲ့တွေကတော့ စစ်ရှောင်တွေရဲ့ ပစ္စည်းတွေကို မီးရှို့ပြီး ဘုန်းကြီးကျောင်းနဲ့ တမိုင်ခန့်သာရှိတဲ့ မြင်းကြွရွာထဲကို ပြန်လည်ဝင်ရောက်သွားတယ်လို့ ဆိုပါတယ်။

 

အခုလက်ရှိအချိန်မှာတော့ စစ်ရှောင်တချို့ဟာ ပြန်လည်ဝင်ရောက်လာခဲ့ပြီး မိမိတို့ကျန်ရှိနေတဲ့ ပစ္စည်းတွေကို လာရောက်ယူဆောင်ပြီးပါက အဲဒီဘုန်းကြီးကျောင်းကနေ ပြန်လည်ထွက်ခွာသွားကြဖို့ကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးပြောဆို ထားပါတယ်။

 

စာတည်း - နွေဦးငြိမ်းချမ်း

 

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ဝက်လက် #စစ်ဘေးရှောင် #ကား #ဆိုင်ကယ် #စစ်ကောင်စီ #မီးရှို့ဖျက်ဆီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10