စစ်ရှောင်တွေအတွက်ထောက်ပံ့ငွေ ကူညီသူတွေကိုယ်စား နတ်တလင်း ပကဖကပေးအပ်

စစ်ရှောင်တွေအတွက်ထောက်ပံ့ငွေ ကူညီသူတွေကိုယ်စား နတ်တလင်း ပကဖကပေးအပ်

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်က စစ်ရှောင်ပြည်သူတွေကို စက်တင်ဘာ ၁ ရက်မနေ့က ထောက်ပံ့သူတွေ ကိုယ်စားသွားရောက် ပေးအပ်ခဲ့တယ်လို့ နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန် ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားစာနာဝန်ကြီးဌာနက ကျပ် ၁၈ သိန်း ၊ ကိုရီးယားနိုင်ငံ ဂူမီမြို့အသောကသုခအဖွဲ့က ကျပ်သိန်း ၂၀ နဲ့ ကိုရီးယားနိုင်ငံရောက် ကိုမွန်လေးကကျပ် ၁၅၅၅၀၀ ထောက်ပံ့ခဲ့ရာ ရရှိလာတဲ့ကျပ် ၃၉ သိန်းခွဲကျော်ကို အိမ်ထောင်စု ၁၆၈ စုက လူဦးရေ ၅၀၂ ဦးကိုတဦးလျှင် ကျပ် ၈ ထောင်စီ ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။  

“ အခုအကြိမ်က ဒုတိယမြောက်လှူဒါန်းခဲ့တာပါ။ သူတို့နေတဲ့နေရာအရောက်သွားရောက်လှူဒါန်းခဲ့တာပါ။ သူတို့စစ်ရှောင်နေကြတာ အချို့က တနှစ်ကျော်ကြာသူတွေလည်း ရှိသလို အချို့က တနှစ်မကျော်သေးဘူး "လို့ နတ်တလင်းပကဖ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော်ရေချမ်းက ပြောပါတယ်။

အဲ့ဒီစစ်ရှောင်တွေဟာ နတ်တလင်းမြို့နယ် ကွေ့ကြီး၊ သဖန်းချောင်း၊ ညောင်လေးပင်၊ ကျောက်ပြုတ်၊ လေးအိမ်တန်း၊ သရက်ချောင်းနဲ့ ဥာဏ်လယ်ရွာတွေက ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

သာယာဝတီခရိုင်တပ်ရင်း - ၃၈၀၁ ရုံးအဖွဲ့နဲ့ နတ်တလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (နတ်တလင်း ပကဖ)ရုံးအဖွဲ့တာဝန်ခံတို့က သွားရောက်ပေးအပ်ခဲ့တာဖြစ်ပြီး ကူညီထောက်ပံ့လိုပါက နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (နတ်တလင်းပကဖ) Facebook စာမျက်နာကနေ ဆက်သွယ်လှူဒါန်း နိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလအတွင်းကလည်း အဲ့ဒီစစ်ရှောင်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားစာနာဝန်ကြီးဌာနက ၁ ဦးလျှင် ကျပ် ၁ သောင်းစီထောက်ပံ့ခဲ့ပါသေးတယ်။

နတ်တလင်းမြို့နယ်အတွင်းမှာ မကြာခဏဆိုသလို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲဖြစ်လေ့ရှိတဲ့ ပျဉ်းမခေါင်ရွာနဲ့ ကြက်မနက်ရွာစတဲ့ ရွာသားအချို့ကတော့ နယ်မြေထိစပ်နေတဲ့ ပေါင်းတည်မြို့နယ်ထဲကို ပြောင်းရွှေ့သွားကြတယ်လို့ သိရပါတယ်။

ပုံစာ - စစ်ရှောင်များအား ထောင်ပံ့ငွေပေးအပ်နေစဉ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #ပဲခူးတိုင်းအနောက်ခြမ်း #နတ်တလင်း #ပေါင်းတည် #စစ်ရှောင် #ကူညီထောက်ပံ့ #ကိုရီးယားနိုင်ငံ #NUG

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10