စစ်ရှောင်နေတဲ့ အိမ်ထောင်စု ၃၅၀ အတွက် ဆန်နဲ့အဝတ်အထည်များ သွားရောက်လှူဒါန်း

စစ်ရှောင်နေတဲ့ အိမ်ထောင်စု ၃၅၀ အတွက် ဆန်နဲ့အဝတ်အထည်များ သွားရောက်လှူဒါန်း

 

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ထဲက ကျေးရွာတရွာမှာရှိတဲ့ စစ်ရှောင်နေရတဲ့ အိမ်ထောင်စု ၃၅၀ အတွက် ဆန်နဲ့ အဝတ်အစားတွေကို ဖေဖော်ဝါရီ ၆ ရက်မနေ့က သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေရဲ့ အန္တရာယ်ကြောင့် ရွာတွေမှာ မနေရပဲ ရှောင်တိမ်းနေရတဲ့ စစ်ရှောင်ပြည်သူတွေကို အခုလိုသွားရောက်လှူဒါန်းတာဟာ ၂ ကြိမ် ခန့်ရှိပြီး ဖြစ်တယ်လို့ Black Vote Fighter တပ်ဖွဲ့ဝင်မှ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

"ကျနော်တို့  ပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၁ လပိုင်းတုန်းကလည်း တခါလှူဒါန်းတယ်။ ဒီလ ၂ ပိုင်းမှာလည်း ထပ်ပြီး လှူဒါန်းတယ်။ အိမ်ထောင်စုတစုအတွက် ဆန် ၄ ပြည်၊ ဆီ၊ ဆား ၊ ငါးခြောက်နဲ့ အဝတ်အထည်တွေကို လှူဒါန်းခဲ့တယ်" လို့ ဆိုပါတယ်။

စစ်ရှောင်ပြည်သူတွေကို Black Vote Fighter ညီနောင်တပ်ပေါင်းစု နဲ့ DRPA တပ်ရင်း (၃၀) ထောက်ပို့မိသားစုတို့မှ စုပေါင်းပြီး လှူဒါန်းခဲ့ကြတာဖြစ်ပြီး၊ နောက်ထပ်လည်း စစ်ရှောင်ပြည်သူတွေကို မိမိတို့ BVF ညီနောင်တပ်ဖွဲ့က ထပ်မံပြီးတော့လည်း လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

အဲ့ဒီကျေးရွာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅၊ ၂၆ ရက် နှစ်ရက်တိတိ နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ရာ ပထမရက်မှာ နေအိမ် ၉ လုံး၊ ဒုတိယရက်မှာ နေအိမ် ၈၁ လုံး စုစုပေါင်း နေအိမ်အလုံး ၉၀ ကို မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10