စစ်ရှောင်နဲ့ CDM တွေစားသုံးဖို့ S&C အဖွဲ့က သီးနှံတွေထောက်ပံ့ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်တချို့မှာ စားသောက်ဖို့ခက်ခဲနေတဲ့ ပြည်သူတွေအတွက် ဇူလိုင်လအတွင်းမှာ အသီးအနှံတွေစိုက်ပျိုးထောက်ပံ့နေပြီး၊ စိုက်ခင်းထပ်မံတိုးချဲ့ဖို့အတွက်လည်း လုပ်ကိုင်နေတယ်လို့ မီးဘေး၊ စစ်ဘေးနဲ့ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ S&C ထံက သိရပါတယ်။

စိုက်ခင်းအကျယ် ၃ ဧကမှာ ကျောက်ဖရုံသီး၊ ခရမ်းသီး၊ ချဥ်ပေါင်ပင်တွေ စိုက်ပျိုးထားပြီး  ပြည်သူတွေဆီ ကူညီပေးနေသလို ၂ ဧကထပ်မံတိုးချဲ့ကာ ပဲမျိုးစုံနဲ့ငရုတ် စတဲ့သီးနှံတွေကို စိုက်ပျိုးဖို့ လုပ်ကိုင်နေတယ်လို့ သူကဆက်ပြောပါတယ်။

ရွှေဘိုမြို့နယ်နဲ့ ဒီပဲယင်းမြို့နယ်အတွင်းမှာ CDM ဝန်ထမ်းတွေ၊ နေရပ်မပြန်ရသေးတဲ့စစ်ရှောင်နဲ့ စစ်ကြောင်းဝင်လို့ ရက်တိုစစ်ရှောင်ပြည်သူတွေ စားသောက်ဖို့အဆင်ပြေအောင် S&C အဖွဲ့က သီးနှံစိုက်ခင်းတွေ တိုးချဲ့စိုက်ပျိုးနေတာလို့ ဆိုပါတယ်။

စိုက်ခင်းမြေဧကကို ဝယ်ယူတဲ့အခါနဲ့ သီးနှံစိုက်ပျိုးဖို့ သွင်းအားစုကုန်ကျစရိတ်တွေကို ပြည်တွင်းပြည်ပမှာရှိတဲ့ စေတနာရှင်ပြည်သူတွေရဲ့လှူဒါန်းငွေနဲ့ လုပ်ကိုင်နေတာလို့ ဆိုပါတယ်။

S & C အဖွဲ့အနေဖြင့် မီးဘေး၊စစ်ဘေး၊ပညာရေးစတဲ့ ပြည်သူတွေရဲ့အခက်အခဲတွေကို ကူညီပံ့ပိုးလျက်ရှိပြီး၊ ကျန်းမာရေး၊ ပညာရေး၊ နေအိမ်တည်ဆောက်ပေးသလို သောက်သုံးရေရဖို့လည်း လုပ်ကိုင်ကူညီပေးနေတဲ့အဖွဲ့တခု ဖြစ်တယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#သတင်း #မြေလတ်သတင်း #စစ်ရှောင် #စိုက်ပျိုးရေး #မီးဖိုချောင်သီးနှံ #စစ်ကိုင်းတိုင်း #ရွှေဘို #S&C

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10